Final

292 28 4
                                    

"လူနာရှင်? လူနာရှင်!?"

"ဟုတ် ဟုတ် ကျွန်တော့်ကိုပဲမေးပါ"

ထယ်ဟိုလည်းဆေးရုံကအကြောင်းကြားတဲ့အချိန်ချက်ချင်းအပြေးရောက်လာတော့
သူ့ကိုကြိုဆိုနေတဲ့မြင်ကွင်းကစိတ်ချမ်းသာစရာကောင်းမနေပါဘူး။

ခုတင်ပေါ်မှာငြိမ်သက်စွာလဲလျောင်းနေတဲ့ဝန်ဘင်းရယ်၊ခုတင်ပေါ်ကလူကိုပဲ အသိစိတ်လွတ်စွာစိုက်ကြည့်နေတဲ့ဆောင်ချန်းရယ်။

သူပြန်သိရတာကတော့ nurse လေးတစ်ယောက် drip ပုလင်းအခြေအနေလာစစ်တဲ့အချိန်မတွေ့တာနဲ့လိုက်ရှာတော့ ခုံတန်းပေါ်မှာထိုင်နေတဲ့ အသက်မရှိတော့တဲ့သူနဲ့အသိမရှိတော့တဲ့လူနှစ်ယောက်။

ချက်ချင်းရုတ်ရုတ်သဲသဲဖြစ်ကာ ဆေးရုံခန်းထဲပြန်ရောက်လာပေမယ့် လူနာရှင်ကိုဘာမှမေးမရပေ။ဒါနဲ့ပဲ ထယ်ဟိုဆီညဘက်အရေးပေါ်ဆက်သွယ်ခဲ့ရလေတယ်။

"ဟုတ်ကဲ့ ကျွန်တော်တို့အခုသေဆုံးချိန်သတ်မှတ်ရမယ်ပေါ့ဗျာ ဒါပေမယ့်လူနာရှင်ကို ဘာမှမေးမရတော့ကျွန်တော်တို့အတွက်အတည်ပြုဖို့အခက်အခဲလေးရှိနေတယ်။ဒါမျိုးကပြီးစလွယ်လည်းဆုံးဖြတ်လို့ရတာမျိုးမဟုတ်တော့"

"ဟုတ်ကျွန်တော်ဘယ်လိုကူညီပေးရမလဲ"

"ကျွန်တော်တို့ကလည်းစာရင်းသွင်းစရာကိစ္စလေးတွေရှိနေတော့ လူနာရှင်ဆီကနောက်ထပ်တုံ့ပြန်ချက်မရတော့ဘူးဆိုရင် ခန့်မှန်းခြေအတိုင်းသတ်မှတ်ရတော့မှာမို့သဘောတူမတူသိချင်တာပါ"

ထယ်ဟိုကဆောင်ချန်းကျောကိုဖွဖွလေးပွတ်ပေးလိုက်ရင်း

"ဝန်ဘင်းနီးလေးကသေချာပေါက်ကောင်းတဲ့နေရာကိုရောက်သွားမှာပါ။ငါတို့ဆောင်ချန်းကဒီလိုပုံစံဖြစ်နေရင် သူစိတ်ချမ်းသာမှာမဟုတ်ဘူးလေ သတိလေးကပ်ပါဦးကွယ်"

ဆောင်ချန်းကဘာမှတုံ့ပြန်မလာ။ဒီတိုင်းဆိုဘယ်လိုမှမေးရမှာမဟုတ်တော့ဘူး။

"ဟုတ်ကဲ့ ခန့်မှန်းခြေအတိုင်းပဲလုပ်လိုက်ပါတော့ဗျာ"

"ကျွန်တော်လူနာရဲ့ကိုယ်အပူချိန်ကိုစစ်ကြည့်သလောက်ကတော့ သေဆုံးချိန်ကတစ်နာရီခွဲဝန်းကျင်လောက်ပဲရှိဦးမယ် ဪ ပြီးရင်လက်မှတ်လေးထိုးပေးဖို့လိုဦးမယ်နော်"

My Only SunshineWhere stories live. Discover now