ဂျောင်ဆောင်ချန်းတစ်ယောက်သူ့စိတ်သူနားမလည်နိုင်တော့ပေ။အမှန်ဆိုဒီနေ့dinner အတွက်ပါတနာခေါ်လာစရာမလိုပါဘူး။ခါတိုင်းဆိုလည်း စီးပွားရေးပါတနာတောင်မခေါ်ပဲအမြဲတစ်ယောက်တည်းတက်နေကျ။အခုတော့ဝန်ဘင်းကသူ့လက်ထဲမှာရှိနေတယ်၊သူ့အပိုင်ဖြစ်ပါတယ်ဆိုတာကိုအားလုံးသိအောင်ပြချင်တယ်။အသိအမှတ်ပြုစေချင်တယ်။တကယ်တမ်းလက်တွေ့ကျတော့ ဝန်ဘင်းကိုဘယ်သူမှမမြင်အောင်ဖွက်ထားချင်နေပြန်တယ်။တခြားသူတွေအတွက်ဖြစ်တည်လာတဲ့သူ့အပြုံးတွေကိုလည်းလုံးဝသဘောမကျဘူး။ခုလည်းသူ့ကိုစကားတောင်မပြောတော့ပဲအစောကြီးအိပ်နေတဲ့ကျောပြင်လေးကိုကြည့်ပြီးစိတ်အလိုမကျဖြစ်နေရပြန်တယ်။
အာရုံပြောင်းလိုပြောင်းငြား မအိပ်သေးပဲအလုပ်ကိုပဲညဉ့်နက်တဲ့အထိလုပ်နေလိုက်တယ်။အလုပ်တွေပြီးလို့အိပ်တော့မယ်အကြံမှာ တစ်ဖက်လူဆီကညည်းသဲသဲ့သဲ့ကြားလိုက်ရတယ်။အစပိုင်းမသိချင်ယောင်ဆောင်နေပေမယ့် အသံကရပ်မသွားပဲပိုပိုဆိုးလာတယ်။
"ဘာဖြစ်တာလဲ နေမကောင်းဘူးလား။ရား ပတ်ဝန်ဘင်း သတိထားဦးးး"
နဖူးကိုစမ်းကြည့်လိုက်တော့ပူကျက်နေတဲ့အပြင် ချွေးတွေကလည်းရွှဲလို့။ဒီအချိန်ဆရာဝန်ခေါ်ရမှာလည်းအဆင်မပြေ၊သူကိုယ်တိုင်လည်းဘယ်သူ့မှမပြုစုပေးဖူးတော့ဘာလုပ်ရမှန်းမသိပဲအခက်တွေ့နေတယ်။
"ထ ထ ကြိုးစားပြီးတော့အင်္ကျီလေးလဲလိုက်။ခဏနေဆေးရုံသွားကြမယ်နော် အဲ့ဒါအကောင်းဆုံးပဲ"
သူဘယ်လောက်ပြောနေနေဝန်ဘင်းဆီကဘာတုံ့ပြန်မှုမှမရ။နောက်ဆုံးတော့သူကိုယ်တိုင်ပဲချွေးတွေသုတ်ပေးပြီးတော့ အဝတ်တစ်စုံအသစ်လဲပေးလိုက်တယ်။အဖျားတက်နေရင် နဖူးပေါ်ကိုရေဝတ်ကလေးတင်ပေးရတာ သူမှတ်မိတယ်။သူလည်းအမြဲကျန်းမာနေတာတော့မဟုတ်ပေမယ့် ခုနောက်ပိုင်းနေမကောင်းရင်တောင်ဆေးသောက်ပြီးပေတေအလုပ်ပဲလုပ်တာ။နေမကောင်းတာကိုနေမကောင်းသလိုနေရင်ရောဂါသည်နဲ့ပိုတူတယ်ထင်လို့လေ။ဒါပေမယ့်သူငယ်ငယ်တုန်းကဖျားရင်မေမေကအမြဲရေဝတ်ကလေးတင်ပေးခဲ့တာ။အရင်အကြောင်းတွေတွေးရင်းနဲ့ပဲ ရေဝတ်တင်ပေးဖို့ဗီရိုထဲကတဘက်ကလေးတစ်ထည်ထုတ်လိုက်တယ်။

YOU ARE READING
My Only Sunshine
Fanfiction"ကိုယ့်ရဲ့ကမ္ဘာကြီးကမင်းတစ်ယောက်တည်းပေါ်မူတည်ပြီးလည်ပတ်နေတာ"