ဂျောင်ဆောင်ချန်းဟာ သူ့ဘဝတစ်လျှောက်လုံးမှာကြုံတွေ့ခဲ့ရတာတွေအကုန်လုံးကိုမေ့သွားဖို့တိတ်တိတ်ကလေးဆုတောင်းခဲ့ဖူးတယ်။မဖြစ်နိုင်မှန်းသိနေတာတောင် သူနာကျင်ခဲ့ရတဲ့အတိတ်ဆိုးတွေအကုန်လုံးကိုမေ့သွားချင်ခဲ့တယ်။ဒါပေမယ့်သူမေ့ပျောက်သွားချင်တဲ့အထဲမှာ ခုမှဖမ်းဆုပ်မိခါစသူ့ဘဝရဲ့တစ်ခုတည်းသောနေရောင်ခြည်လေးတော့မပါခဲ့ပါဘူး။
"ဝန်ဘင်းနီးကိုမေ့တယ်?ဟျောင်းနားမလည်ဘူး ဘာကိုပြောချင်တာလဲ?"
ဂျောင်ဆောင်ချန်း လည်းလက်ဖဝါးနှစ်ဖက်နဲ့မျက်နှာကိုခပ်ကြမ်းကြမ်းပွတ်လိုက်ရင်း
"ကျွန်..ကျွန်တော် ခုနကသူ့ကိုလုံးဝမသိတော့တာ ဘာမှအစဖော်မရတော့ဘူး ပြီးတော့မနေ့ကလည်းတစ်ခါ"ထယ်ဟိုလည်း ဘာတွေဖြစ်နေမှန်းသေချာမသိသေးပေမယ့် ဆောင်ချန်းစိတ်ထိခိုက်နေတာမြင်တော့ သူလည်းစိတ်မကောင်းတာကြောင့်တတ်နိုင်တဲ့ဘက်ကနှစ်သိမ့်ပေးရတယ်။
"ငါတို့ဆောင်ချန်းကခုတလောအလုပ်တွေပိနေလို့အာရုံတွေထွေပြားနေတာဖြစ်မှာပါ။အနားယူလိုက်ရင်သက်သာသွားမှာ ဘာမှမဖြစ်ဘူး အရမ်းစိတ်မပူပါနဲ့"
"မဟုတ်ဘူး ကျွန်တော်သိတယ် အဲဒါကြောင့်လုံးဝမဟုတ်ဘူး!ကျွန်တော်ဒီလိုဖြစ်နေတာသိရင် သူအရမ်းဝမ်းနည်းသွားမှာ ဘယ်လိုလုပ်ရမလဲ?ကျွန်တော့်ကြောင့် သူစိတ်ပင်ပန်းရတာမျိုးမဖြစ်စေချင်ဘူး"
သူ့မှာအရင်ကပြဿနာကိုတောင်မဖြေရှင်းရသေးခင်ပြဿနာအသစ်ကထပ်ပေါ်လာတော့ဘာလုပ်လို့လုပ်ရမှန်းမသိ စိတ်တွေရှုပ်နေမိတယ်။
ဂျောင်ဆောင်ချန်း ကအတန်ကြာမျက်နှာကိုလက်ဖဝါးနဲ့အုပ်ထားတာကိုပြန်ဖယ်လိုက်ပြီးမှ
"ခဏလေးးဟျောင်း မသွားနဲ့ဦးနော်! ကျွန်တော်..အတည်ပြုစရာလေးရှိလို့""အေးပါ"
ထယ်ဟို့ကိုစောင့်ခိုင်းထားရင်းမှ ဝန်ဘင်းဆီကိုဖုန်းခေါ်လိုက်တယ်။
"ဘာလုပ်နေလဲ နေကောင်းရဲ့လား?"
ဖုန်းတစ်ဖက်မှဝန်ဘင်းက
"ကောင်းပါတယ် ဂိမ်းဆော့နေတာ။ဟျောင်းရောနေ့လယ်စာ စားပြီးပြီလား?"
YOU ARE READING
My Only Sunshine
Fanfiction"ကိုယ့်ရဲ့ကမ္ဘာကြီးကမင်းတစ်ယောက်တည်းပေါ်မူတည်ပြီးလည်ပတ်နေတာ"