အဋ္ဌမမြောက်တနင်္ဂနွေနေ့.....
"အဲ့လောက်တောင်ပျော်နေတာလား?"
"အင်း အများကြီးပျော်တယ်"
ကစားကွင်းမှာအရုပ်ကောက်ရင်းရလာတဲ့ သမင်ရုပ်ကလေးကိုလက်တစ်ဖက်ကကိုင်၊တစ်ဖက်က သက်ရှိသမင်လေးရဲ့လက်ကိုဆွဲကာ ကလေးတစ်ယောက်လိုခုန်ပေါက်လမ်းလျှောက်ရင်းပျော်နေမိတယ်။
"ဟျောင်းတကယ်အရမ်းတော်တယ်သိလား ကျွန်တော်ဆို လိုချင်တဲ့အရုပ်တစ်ခါမှမရဖူးဘူး အဲမဟုတ်သေးဘူး လိုချင်တဲ့အရုပ်ရော မလိုချင်တဲ့အရုပ်ရောတစ်ခါမှကိုမရဖူးတာ"
ဂျောင်ဆောင်ချန်း တစ်ယောက်အရုပ်ကောက်စက်နားမှာ လူအမြင်ကပ်ခံရတဲ့အထိ သူများတွေကိုတောင်အလှည့်မပေးဘဲ ၂နာရီလောက် ကြိုးစားပမ်းစားကောက်ခဲ့ရတာတန်တယ်လို့ထင်မိတယ်။
"မင်းပျော်နေရင်ရပြီ ကိုယ်ကအကုန်ဖြစ်အောင်လုပ်ပေးမှာ"
စကားပြောရင်းလက်တစ်ဖက်က အာတာပူစီလေးကို ခုန်ပေါက်နေတဲ့ကလေးလေးရဲ့ပါးစပ်နားတိုးပေးလိုက်တယ်။
"မစားရတာကြာလို့လားမသိဘူး ကောင်းလိုက်တာ အရသာကလည်းတအားမချိုဘူးအတော်ပဲ"
"ကိုယ့်အချစ်တွေလောက်တော့ဘယ်ချိုပါ့မလဲ အသက်ကလေးရယ်"
ဝန်ဘင်းကချောင်းဆိုးလိုက်ကာ
"အဲ့လိုကြီးမပြောပါနဲ့ဆို တစ်မျိုးကြီးပဲ"နားရွက်ဖျားလေးတွေရော ပါးလေးတွေရောနီရဲနေကာ တစ်ဖက်ကိုအကြည့်လွှဲနေတဲ့ကောင်လေးရဲ့မျက်နှာကိုအတင်းလိုက်ငုံ့ကြည့်နေရင်း
"တကယ်လည်း ကိုယ့်ရဲ့အသက်ကလေးမို့အသက်ကလေးလို့ပြောတာပေါ့ အသက်ကလေးရဲ့ မရှက်ပါနဲ့""ဟျောင်း!မခေါ်နဲ့တော့လို့ အဲလိုကြီး!"
ရှက်နေတဲ့ကောင်လေးကို စ နောက်နေရင်းခါးက အင်္ကျီစကိုလာဆွဲသလိုခံစားလိုက်ရတာကြောင့်လှည့်ကြည့်လိုက်တယ်။
သူ့လိုပဲ လက်ထဲမှာအာတာပူစီလေးကိုင်ထားတဲ့ ၅နှစ်ဝန်းကျင်အရွယ်ကလေးလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။
"ကိုကိုကနေမကောင်းဘူးလားဟင်?"
ဝန်ဘင်းနဲ့ဆောင်ချန်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဆောင်ချန်းက ကလေးလေးမေးတာကိုပြန်ဖြေလိုက်တယ်။
YOU ARE READING
My Only Sunshine
Fanfiction"ကိုယ့်ရဲ့ကမ္ဘာကြီးကမင်းတစ်ယောက်တည်းပေါ်မူတည်ပြီးလည်ပတ်နေတာ"