Chapter-22

205 25 4
                                    

ဂျောင်ဆောင်ချန်း နိုးလာချိန်မှာတော့မနေ့ကသောက်ထားတဲ့အရှိန်ကြောင့်တစ်ခေါင်းလုံးဆင်နင်းခံထားရသလိုကိုက်ခဲနေတယ်။မျက်လုံးမဖွင့်သေးပဲ ဘေးနားကိုလက်နဲ့စမ်းကြည့်လိုက်တော့ကွက်လပ်။မျက်လုံးဖွင့်ပြီးအလန့်တကြားထထိုင်တော့မယ့်အချိန်မှာ ပါးပေါ်ကိုရောက်လာတဲ့နူးနူးညံ့ညံ့အထိအတွေ့လေးကြောင့်စိတ်သက်သာရ ရသွားတယ်။

"နိုးပြီလား?"

"အင်း"

ဂျောင်ဆောင်ချန်း လည်းမထသေးပဲ သူကိုငုံ့ကြည့်နေတဲ့ကောင်လေးကိုခုတင်ပေါ်ပြန်ဆွဲချပြီးသူ့လက်မောင်းပေါ်မှာလှဲစေလိုက်တယ်။

နဖူးပေါ်မှာဖုံးနေတဲ့ဆံစလေးတွေကိုဖယ်ကာ အနမ်းဖွဖွလေးပြန်ပေးလိုက်တယ်။
"ဘာလို့အိပ်မနေတာလဲ?ကိုယ့်ကိုလန့်အောင်ခြောက်တဲ့ကလေးလေး"

"ကျွန်တော်ပျောက်သွားမှာအဲ့လောက်ကြောက်တာလား?"

"အင်း အကြောက်ဆုံးပဲ"

ဝန်ဘင်းလည်းခဏငြိမ်သွားပြီးမှ
"မထလို့မရတော့ဘူးလေ အချိန်လည်းကြည့်ဦး။နေ့လယ်ရောက်နေပြီ အစ်ကိုလေးရဲ့"

ဂျောင်ဆောင်ချန်းလည်းအိပ်ချင်မူးတူးခေါင်းထထူလိုက်ရင်းနာရီရှာကြည့်မိတယ်။
"နေ့လယ်?ဟုတ်လို့လား?"

"အင်း ၁၂ ထိုးတော့မယ်"

"မဖြစ်သေးပါဘူး ထမှရတော့မယ်"

"မလိုတော့ဘူး။ မနက်ကထယ်ဟိုဟျောင်းလာကြိုတုန်းက ဟျောင်းအလုပ်မလာတော့ဘူးဆိုပြီးပြောလိုက်တယ်"

"အဲလိုဆိုတော့လည်း..နားရတာပေါ့"

ဝန်ဘင်း ထထိုင်လိုက်ကာ ဆောင်ချန်းကိုလည်းဆွဲထူလိုက်ရင်း
"ထတော့ ရေချိုးပြီးရင်ထမင်းစားကြမယ် ဗိုက်ဆာနေပြီ။အဒေါ်ကြီးကိုအမူးပြေဟင်းရည်ချက်ခိုင်းထားတယ်"

"အေးပါကွာ"

အိပ်ရာကပျင်းတိပျင်းရွဲထပြီးလမ်းလျှောက်နေတဲ့သူ့ကို ဝန်ဘင်းအနောက်ကနေဇွတ်တွန်းပို့မှရေချိုးခန်းထဲရောက်လာတော့တယ်။Tatoo ထိုးတာတာ ၂၄နာရီမပြည့်သေးတော့ ရေမချိုးတော့ပဲမျက်နှာသစ်သွားတိုက်ပြီးခြေလက်သန့်ရှင်းဖို့ပဲပြင်လိိုက်တယ်။

My Only SunshineWhere stories live. Discover now