ဝန်ဘင်းမျက်လုံးမဖွင့်နိုင်သေးပေမယ့် မျက်နှာပေါ်လာထိုးတဲ့နေရောင်ကြောင့် နိုးကြားစပြုလာတယ်။
"နိုးရင်ထတော့ ဟိုပွတ်ဒီပွတ်လုပ်မနေနဲ့ ဘယ်ချိန်ရှိနေပြီလဲ?"
ဝန်ဘင်းရဲ့မျက်လုံးတွေဖျက်ခနဲပွင့်ပြီးပြူးကျယ်သွားမိတယ်။
"အဲ့ဒါကြောင့်ပြောတာ ညတွေစောစောအိပ်ပါလို့။ဒီဖုန်းပဲကြည့်နေတယ် မနက်ကျမထနိုင်တော့ဘူး ဒီနေ့ကစပြီးညကိုဖုန်းသိမ်းမယ်ကောင်စုတ်လေး"
ဝန်ဘင်းငေါက်ခနဲထထိုင်လိုက်ရင်းပါးစပ်မှအံသြမှုအပြည့်နဲ့ရေရွတ်လိုက်မိတယ်။
"အမေ?"
"မျက်နှာကသရဲတွေ့သလိုပဲ အဲ့ဒါဘာဖြစ်နေတာတုန်း?ထတော့သွက်သွက်လက်လက်ကျောင်းသွားရဦးမှာ"
"မ..မဖြစ်နိုင်ဘူး အမေက..အမေက မရှိတော့ဘူးလေ"
"ကောင်စုတ်လေးနင်ဘာဖြစ်နေတာလဲ?အိပ်မက်မက်နေရင်လည်းထတော့"
"ငါပါသေသွားတာလား ဘာကြီးလဲဒါက?"
အမေကဘာမှပြန်မပြောတော့ပဲ ခေါင်းတခါတခါနဲ့အခန်းထဲကပြန်ထွက်သွားတယ်။ဝန်ဘင်းကတော့ အံ့သြမှုကြောင့်နေရာမှာတင်မျက်လုံးအပြူးသားနဲ့ကြောင်ပြီးမလှုပ်မယှက်ဖြစ်နေမိတယ်။
စိတ်ကိုစုစည်းပြီးကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်တော့ဝတ်ထားတာက ဟိုးအရင်သူဝတ္ထုထဲရောက်ခါစကအဝတ်အစားတွေ။
"ဘာလဲဟ အကုန်လုံးကအိပ်မက်တွေလား?မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး"
အတန်ကြာအောင်ထိုင်နေပြီး အမေ့ဆီကမနက်စာစားဖို့ ခေါ်သံကြားမှသတိပြန်ဝင်လာတယ်။
"ဒါကရော ငါ့အမေအစစ်လား? ဘာတွေလဲရူးတော့မယ်"
အခန်းထဲကထွက်ပြီး အမေစောင့်နေတဲ့ထမင်းစားခန်းထဲကိုလေးလံနေတဲ့ခြေလှမ်းတွေနဲ့ဝင်သွားလိုက်တယ်။ဧည့်ခန်းကိုဖြတ်သွားတဲ့အချိန် ချိတ်ထားတဲ့ပြက္ခဒိန်ကိုကြည့်လိုက်မိတော့ 2024 January တဲ့။
ထမင်းစားပွဲမှာဝင်မထိုင်ခင် လက်ဆေးနေတဲ့အမေ့ကိုနောက်ကနေသွားဖက်ထားလိုက်တယ်။သူအမေ့ကိုလွမ်းနေခဲ့တာလေ နောက်ဆုံးအချိန်မှာတောင်အတူတူမရှိခဲ့လိုက်ရဘူး။အခုအကုန်လုံးက ဘာဖြစ်နေမှန်းမသိပေမယ့် သူ့ရဲ့တစ်ဦးတည်းသောအမေကိုမျက်ဝါးထင်ထင်ပြန်တွေ့လိုက်ရတာတော့အဆိုးထဲကအကောင်းပေါ့။
YOU ARE READING
My Only Sunshine
Fanfiction"ကိုယ့်ရဲ့ကမ္ဘာကြီးကမင်းတစ်ယောက်တည်းပေါ်မူတည်ပြီးလည်ပတ်နေတာ"