''အဘကျုပ်တို့မောင်လေးကိုပင်ပန်းတာတွေမခိုင်းပါနဲ့''
''ဟုတ်တယ်အဘ အထွေးလေးကသိပ်နုနယ်တာအလုပ်ကြမ်းတွေမလုပ်နိုင်ဘူး''
ဘထွေးဟာသက်ပြင်းတချချနှင့်ခေါင်းတခါခါနှင့် စိတ်ပျက်လက်ပျက်နှင့် သူ့မျက်နှာသူလက်နှင့်ပွတ်သပ်သည်မှာအကြိမ်ကြိမ်။
အစ်မနှစ်ယောက်ကသူတို့မောင်လေးတွက်တတွတ်တွတ် မှာတမ်းခြွေနေကြခြင်းဖြစ်၏။ အမေကတော့ဘာမှဝင်မပြော အရင်ရက်တွေကလိုငိုလဲမငိုနေ နေညို့အားပြုံး၍သာကြည့်နေ၏။
''မောင်ငယ်လေး ဟိုမှာစိတ်ပင်ပန်းရင်ပဲဖြစ်ဖြစ် လူပင်ပန်းရင်ပဲဖြစ်ဖြစ် ပြန်လာခဲ့ချေ''
မညိုပြာကပြောသည်ကို မညိုမီခေါင်းတငြိမ့်ငြိမ့်နှင့်ထောက်ခံပြီးနေညို့ရဲ့လက်တို့အားဆုပ်ကိုင်၍ထပ်ပြောလာသည်။
''ဟုတ်တယ်အထွေးလေးပင်ပန်းရင်ဖြင့်အိမ်သာပြန်ခဲ့ချေ မင်းတစ်ယောက်ကိုတော့အစ်မတို့နှစ်ယောက်တစ်သက်လုံးလုပ်ကျွေးနိုင်ပါရဲ့ ကျန်းမာရေးကိုလဲဂရုစိုက်နော်''
''စိတ်ချပါအစ်မတို့ရယ် ကျွန်တော်ဂရုစိုက်ပါမယ် ဘထွေးတစ်ယောက်လုံးရှိတာပဲလေ''
''မိညို ညည်းသမီးတွေခေါ်ပြီးပြန်ချေတော့ ဇက်လှေကဖြင့်ထွက်တော့မယ်အခုထိမှာတမ်းခြွေမပြီးနိုင်''
အမေဟာဘထွေးစကားကြောင့်ရယ်လျက် အစ်မတို့နှစ်ယောက်အား လက်ကုတ်ကာ သူ့အနားသို့ခေါ်ထား၏။ နေညိုနှင့်ဘထွေးကတော့ဇက်ပေါ်တက်သွားလိုက်သည်။ နေညိုမျက်ဝန်းတို့တွင်အရည်ကြည်တို့လဲ့၏။ ကြမ်းတမ်းတဲ့ဘဝကိုမျက်ရည်တစ်စက်မကျပဲ ဖြတ်သန်းလာခဲ့သည့်နေညိုဟာ တဖြည်းဖြည်းဝေးလာသည့် အစ်မတို့နှစ်ယောက်နှင့်အမေရဲ့ပုံရိပ်ကိုကြည့်ပြီး ငိုမိသည်။ဘထွေးက နေညို့အား ကျောပြင်ကိုခပ်ဖွဖွပွတ်သပ်ပေး၍နှစ်သိမ့်ပေးသည်။
ခတ္တာဟာ စိတ်ဓာတ်ပျော့ညံ့သည့်ကလေးတစ်ယောက်ပင်။ဒါကြောင့်ပဲ နေညို ဒီခန္ဓာကိုယ်အတွင်းရောက်လာတည်းက စိတ်ခံစားချက်ပေါင်းစုံကိုခံစားနေရသည်မလား။
YOU ARE READING
Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed
Romanceနေညိုသွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့် သူ့ဘဝကိုလက်လျော့လိုက်ပြီး သေကြောင်းကြံစည်ခဲ့တယ် သို့ပေမယ့် အချိန်ကူးပြောင်းပြီး ၂၀ ရာစုကခတ္တာဆိုတဲ့ ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်မွေးဖွ...