''အကို ထားလိုက်ပါရစေ''
ဆက်ထင်ကားပေါ်တက်ခါနီးထားထားခင်ရဲ့အသံကြောင့်နောက်သို့လှည့်ကြည့်လိုက်သည်။သူမဟာ အဖြူရောင်ပိုးဝတ်စုံအားလှပစွာဝတ်ဆင်ထားပြီးဆံပင်တို့ကိုဘေးနှစ်ဖက်ကျစ်ဆံမြှီးကျစ်ကာချထား၍လှပလျက်ရှိသည်။
''ကျုပ်မြို့စွန်ဘက်သွားမှာမလို့ထားထားခင် လမ်းမကြုံလောက်ဘူး အိမ်မယ်ဒရိုင်ဘာရှိပါရဲ့နောက်ကားတစ်စင်းနဲ့လိုက်ပို့ခိုင်းလိုက်ပါ''
ဆက်ထင်ထိုသို့ပြောပြီး ကားပေါ်တက်ခဲ့လိုက်သော်လည်း ထားထားခင်ဟာ မောင်းသူခုံရဲ့ဘေးသို့ ကားတံခါးဖွင့်လျက်ဝင်ထိုင်လိုက်တာကြောင့်ဆက်ထင်တအံ့တသြနှင့် ထားထားခင်ဘက်သို့ကြည့်လိုက်သည့်အခါသူမကဆက်ထင်အားမျက်ခုံးပင့်လျက် ပုခုံးတွန့်ပြသည်။ ရဲတင်းလိုက်လေခြင်း...။
''ဒီမယ်အမိ အနေထိုင်ဆင်ခြင်သင့်ပါတယ် ကျုပ်တို့ဒီလိုနီးနီးကပ်ကပ်ရှိမနေသင့်သလို ပတ်ဝန်းကျင်မျက်လုံးတွေမေ့ထားလို့မရဘူး''
''အို ဘာနေနေအကိုရယ် ထား ကားကြုံလေးပဲလိုက်စီးတာပါ ဘာဖြစ်မှာကျလို့''
''ကျုပ်လမ်းမကြုံလောက်ဘူးလို့ပြောပြီးပြီလေ ထားထားခင်''
ဆက်ထင်လေသံအနည်းငယ်မာသွားသည့်အတွက်ထားထားခင်ရဲ့ခန္ဓာကိုယ်လေးဟာတုန်ယင်သွား၏။ထို့နောက်မျက်ရည်အဝိုင်းသားနှင့်ဆက်ထင်ကိုကြည့်လာပြီးနောက်။
''မောင်ကထားကိုအခုထိစိတ်ဆိုးနေတုန်းလားဟင်''
'မောင်'ဆိုသည့်အသုံးအနှုန်းကိုကြားလိုက်ရသည့်အခါ စုကျုံ့ထားသည့်ဆက်ထင်ရဲ့မျက်ခုံးတို့ဟာပြေလျော့သွားသည်။သူမနှင့်ဆက်ထင်ကြားကအရာရာဟာပြီးဆုံးသွားပြီဟုဆက်ထင်တွေးထားမိသည်ဘာလို့များအခုထိသူမဘက်ကဆက်ထင်ပေါ်ဒီလိုပြုမူပြောဆိုနေရလဲဆိုတာတွေးမရဖြစ်၏။
''ကျုပ်ကိုအဲ့လိုမသုံးနှုန်းစမ်းနဲ့ထားထားခင် ပြီးခဲ့သမျှအရာအားလုံးဟာအတိတ်ကအတိတ်ပဲမလို့ ပစ္စုပ္ပန် ကိုသယ်မလာနဲ့ချေအတင်းအကျပ်ပြုမူတာမျိုးဒါနောက်ဆုံးဖြစ်ပါစေ''
YOU ARE READING
Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed
Romanceနေညိုသွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့် သူ့ဘဝကိုလက်လျော့လိုက်ပြီး သေကြောင်းကြံစည်ခဲ့တယ် သို့ပေမယ့် အချိန်ကူးပြောင်းပြီး ၂၀ ရာစုကခတ္တာဆိုတဲ့ ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်မွေးဖွ...