ဆက်ထင် နံရံတွင် မှင်တံနှင့်ရေးစွဲထားသည့် နာမည်နှစ်ခုနှင့်လူအရုပ်ပုံနှစ်ခုကိုခပ်ဖွဖွထိကိုင်၍ ပြုံးမိသည်။ဒီခြံဝန်းကိုရောက်တိုင်းငယ်ဘဝသို့အမှတ်ရမိပြီးငယ်စဉ်ပျော်ခဲ့ဆိုးခဲ့ရတဲ့အချိန်လေးတွေကိုတခေါက်လောက်ဖြစ်ဖြစ်ပြန်ရောက်ချင်သည်။နှစ်ယောက်ပေါင်းလောင်းကျော်ဆိုပြီး မိဘတွေကခဏခဏပြောသလို ဆရာများကလဲမျက်မုန်းကျိူးတဲ့ထိဆိုးကြပေကြ၏။
ငယ်ဘဝကိုပြန်တွေးကြည့်လိုက်တိုင်းကွက်ကွက်ကွင်းကွင်းပေါ်လာသည်အထိ အမှတ်တရတွေတပုံတဟောင်းရှိခဲ့သည်။ကလေးဘဝကိုအကောင်းဆုံးဖြတ်သန်းခဲ့ရပြီး ထိုအချိန်ကမိဘမျက်နှာအိုးမဲသုတ်ခဲ့သည့်အချိန်တွေဟာ အသက်ရွယ်ရလာသည့်ဆက်ထင်အဖို့အရယ်ရဆုံး ဖြစ်ရပ်မှန်ဟာသလေးတွေပင်။
''တူကြီးအထဲဝင်လေ''
ဦးစိုင်းပန်ဟာ ပြတင်းပေါက်နေ အိမ်ခေါင်းရင်းတွင်ရှိနေသည့်ဆက်ထင်အားလှမ်းပြောသည့်အတွက်ဆက်ထင် ထိုင်ရာမှထလိုက်ပြီး အိမ်ရှေ့ပြန်လျှောက်လာ၍အိမ်ထဲဝင်လာလိုက်သည်။ကိုယ့်အိမ်ကိုယ့်ယာလိုဖြစ်နေသည့်ဒီအိမ်ဟာ အသက်၅နှစ် ပထမဆုံးခြေချခဲ့ရတဲ့အချိန်တွေကလိုပြောင်းလဲသွားခြင်းအလျဥ်းမရှိ။ ဧည့်ခန်းအတွင်းတွင်ထိုင်နေကြသည့် ရှမ်းဝတ်စုံနှင့် အမျိုးသားကြီးမှာအိမ်ထဲဝင်လာသည့် ဆက်ထင်ဟာနွေးထွေးစွာပြုံးပြပြီးထိုနည်းတူဘေးမှအမျိုးသမီးဟာလည်းသိုးမွှေးထိုးလျက် ဆက်ထင်အားလှမ်းကြည့်၍ အနားလာထိုင်ရန် မျက်နှာအမူရာနှင့်ပြသည်။
ဆက်ထင် သူတို့အနားသို့လျှောက်သွားလိုက်ပြီး ခုံတွင်ဝင်ထိုင်လိုက်သည်။
''ကျုပ်တို့မယ်မျှော်နေရတယ်မင့်သူငယ်ချင်းသတင်းကြားပြီးလာခဲ့တာ ဟုတ်စ''
''ဆိုပါတော့ဒေါ်ဒေါ် ဒီတလောကိစ္စတွေသိပ်များနေတာနဲ့ပဲမရောက်ဖြစ်တာ''
''အေး...ထမင်းစားပြီးမှပြန်ချေ''
အသံဝဲဝဲနှင့် သိဒ္ဓိမိခင်ဟာ အေးအေးချမ်းချမ်းနှင့်ပြုံးပြကာပြောလာ၍ သိုးမွှေးထိုးနေသည်ကိုအာရုံပြန်စိုက်သွားသည်။
YOU ARE READING
Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed
Lãng mạnနေညိုသွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့် သူ့ဘဝကိုလက်လျော့လိုက်ပြီး သေကြောင်းကြံစည်ခဲ့တယ် သို့ပေမယ့် အချိန်ကူးပြောင်းပြီး ၂၀ ရာစုကခတ္တာဆိုတဲ့ ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်မွေးဖွ...