အပိုင်း ၂၈

16.2K 1.1K 20
                                    

ခတ္တာ မေရီပြောပြသည်များကိုနားထောင်လျက် တခြားတစ်ဖက်ကိုမျက်နှာလွှဲထားမိသည်။ ပါးပြင်ပေါ်ကျလာသည့်မျက်ရည်တို့ကိုမေရီမမြင်ခင်လက်ခုံနှင့်ခပ်ကြမ်းကြမ်းသုတ်လိုက်၏။

''တို့ မေတ္တာခံယူပုံတွေမှားယွင်းခဲ့တယ်ခတ္တာ...ကိုကိုကြီးပေးတဲ့ဖြူစင်ခြင်းကိုတို့အရောင်တွေဆိုးခဲ့မိတာဒီနေ့အချိန်ထိကိုယ့်ကိုယ်ကိုယ်မုန်းမိသလို မိုးတွေရွာတိုင်းလဲအရမ်းကြောက်ခဲ့ရတယ် ကိုကိုကြီးကိုဒီလိုစိတ်နဲ့ပစ်မှားမိလို့''

ဘယ်လိုအပြစ်မြင်ရပါ့မလဲ ထို့အတူ ဘယ်လိုဂရုဏာသက်ရပါ့မလဲ ခတ္တာစဉ်းစား၍မရတော့။ရင်ထဲဗလာသက်သက်ကြီးဖြစ်သွားပြီး ခေါင်းတွေရှုပ်ထွေးလွန်းနေသည်။လုံးဝမဖြစ်သင့် မဖြစ်နိုင်သည့်အရာကြီးမလား တကယ်ပဲမေရီဟာဘယ်လိုများဖြစ်ပြီး ဦးမျိုးဆက်ထင်အား။

''မဖြစ်နိုင်ဘူးဆိုတာမေရီသိရက်နဲ့ဘာလို့ဒီစိတ်ကိုဒီရွယ်အထိသယ်လာခဲ့ရတာလဲ''

ခတ္တာတိုးညှင်းစွာမေးလိုက်သည့်အခါမေရီဟာကြေကွဲစွာငိုလေ၏။ခတ္တာရင်ထဲမကောင်း ဘယ္သူကေရာ ဒီလိုချစ်ခြင်းမျိုးကြီးကိုလက်ခံနိုင်ပါ့မလဲ မေရီလဲအများကြီးပင်ပန်းခဲ့ပြီးနာကျင်ခဲ့ရမှာကိုခတ္တာတွေးမိပါသည်။

''ဝဋ်ကြွေးကြီးပုံပါပဲခတ္တာရယ် မေရီဟာစဉ်းစားတွေးတောဉာဏ်ရှိတဲ့သူပါ ဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားဆိုတာမေရီသိပါရဲ့ မေရီရှောင်ခဲ့ပါရဲ့ ရှောင်ခဲ့ပါရဲ့ခတ္တာ''

ခတ္တာ သူမဘက်သို့လှည့်လိုက်ပြီးနောက် တုန်ယင်နေသည့်လက်နှစ်ဖက်အား အုပ်မိုး၍ကိုင်ထားပေးမိသည်။သူမအားကိုးတကြီးနှင့်ခတ္တာအားကြည့်လာခဲ့သည်သူမကိုနားလည်ပေးပါယုံကြည်ပေးပါဆိုတဲ့မျက်ဝန်းများ။

'' မေရီကိုကိုကြီးရှိတဲ့အရပ်တွေကိုယ့်သဘောဆန္ဒနဲ့ဘယ်တုန်းကမှမသွားခဲ့ဖူးဘူးတစ်ခါတစ်ရံတွေ့ဖြစ်ကြရင်တောင် မေရီကိုကိုကြီးကိုစက္ကန့်ပိုင်းတောင်အကြည့်ချင်းမဆုံခဲ့ပါဘူး မတော်တဆအသားချင်းထိတွေ့မိခဲ့ရင်တောင်မသာယာခဲ့ပါဘူးမပစ်မှားရဲပါဘူးဒါဟာအသက်နဲ့ရင်းကျိန်ပြောရဲ့တဲ့မေရီ့သစ္စာစကားပါမေရီကိုကိုကြီးကိုစိတ်ချမ်းသာစေချင်တယ်တို့အနားမှာကိုကိုကြီးကိုအမြဲရှိစေချင်တယ်ဂရုစိုက်ပေးစေချင်တယ်ဒီလိုချစ်ခြင်းမေတ္တာကလွဲလို့ဟင့်အင်း...တခြားအရာတွေမေရီမတွေးရဲဘူးခတ္တာ ဒီလိုချစ်ခြင်းတောင်မေရီဘယ်လောက်ကံကြီးထိုက်မလဲဆိုတာမေရီအသိဆုံးပါ''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now