အပိုင်း ၄၈

20.1K 1.2K 77
                                    

~''အေးချမ်းတဲ့အားပေးစကားတွေ ရင်ထဲရောက်
နှလုံးသားထဲစီးဆင်းသွားအောင်
ချိုလွန်းလို့ကွယ်
ပြောတတ်တဲ့ မင်းနှုတ်ခမ်းလေးကို
ရွှေချ သိမ်းထားချင်တယ်
အခက်အခဲနဲ့အတားအဆီးများကို ကျော်ဖြတ်ဖို့
စွမ်းအားတို့ဖြည့်လို့ပေးတယ် အချစ်ဆုံးလေး
စေတနာတွေအတွက် ကျေးဇူးပါပဲကွယ်''

ခတ္တာ သီချင်းတညည်းညည်းနှင့် ခြံထဲရှိကြွေကျနေသောသစ်ရွက်ခြောက်များကိုကောက်ပြီး ခြင်းထဲသို့ထည့်နေလိုက်သည်။

~''ကျေးဇူးပဲအချစ်ရယ် ကျေး..ဇူးပဲ
မင်းလေး မင်းလေးရဲ့မေတ္တာတွေ တို့
ရင်ထဲမှာအေးလိုက် နွေးလိုက်နဲ့
အချစ်ကလေးရယ် ဆွေးရအောင်တော့
ဝေးဖို့ မစဉ်းစားပါနဲ့ကွယ်''~

ဂစ်တာလေးတစ်လက်လောက်ရရင် လက်တွေပေါက်ပြဲတဲ့ထိတီးရင်းသီချင်းတွေဆိုပစ်ချင်သည်။ စစရောက်ချင်း အောင်တင့်ကိုဂစ်တာဆိုင်ဘယ်နားရှိလဲမေးလိုက်သည့်အခါအောင်တင့်ကအားပေးရှာပါသည် ဂစ်တာဆိုတဲ့အရာကိုမြင်တောင်မမြင်ဖူးပါတဲ့လေ ။ ခြောက်ကြိုးပါသည့်ဂစ်တာဟုပြောသည့်အခါ မယ်တလင်တောင် နာမည်သာကြားဖူးကြောင်းပြောပြသည်။အားရစရာ။

တနေ့တနေ့ပျင်းရိလာသည်။ခြံထဲတွင်လဲမယ်မယ်ရရ အလုပ်ကလုပ်စရာမရှိ ဖက်တီးရှိတုန်းကအလုပ်လုပ်လဲအနောက်တကောက်ကောက်လိုက် ဟင်းချက်လဲဘေးကနေတမျှော်မျှော်နှင့်မလို့မပျင်းရ ၊ နေ့လည်ဖက်တွေဆိုတူတူဖက်အိပ်ပါသော်လည်းခုကဖက်တီးပါမရှိတော့သည့်အဖြစ်။
ပိုင်ရှင်လာ တောင်းတုန်းက မပေးလိုက်ချင်သော်လည်းကိုယ်တောင်သံယောဇဥ်တွယ်သည့်ကောင်အားပိုင်ရှင်ကသံယောဇဥ်မတွယ်ပဲနေမလားလေ။ ဘယ်မှာနေလဲတောင်မမေးလိုက်ရ လူကသတိရလို့တွေ့ချင်တာတောင်ပိုင်ရှင်ရဲ့အိမ်မသိ။

အောင်တင့်ကလဲ အလုပ်လုပ်နေသည်မလို့ ခတ္တာတစ်ယောက်ထဲသာအထီးကျန်စွာ။ ဘဝမှာ ဒီလောက်သက်သောင့်သက်သာရှိသည့်အလုပ်လုပ်ရမယ်လို့တခါမှတောင်မတွေးဖူး။

အနောက်ဖက်သို့ဝင်သွားလိုက်ပြီး မီးဖိုချောင်ထဲ ဘာစားစရာရှိမလဲဟုလိုက်ကြည့်ရင်း အာလူးကြော်များသာတွေ့သည်။ အိမ်မှာရှိသည့်အာလူးတွေကိုအပျင်းပြေဝါးလို့ရအောင် ခတ္တာ အချောင်းလေးတွေလှီးကာ ဆီနဲ့သေချာကြော်ထားခြင်းကြောင့်ပင်။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now