အခန်းကျယ်အတွင်းရာထူးကြီးဂုဏ်သရေရှိ လူများစွာနှင့် စီးပွားရေးလုပ်နေသည့်သူဌေးမင်းများစွာရှိနေသည်။ ဟော တစ်ခုလုံးအလှဆင်ထားလျက်ရှိပြီး ဒီနေ့ဟာ မြို့ဝန်အသစ်ရဲ့ကြိုဆိုပွဲဖြစ်သည်။ ဒီလိုအခမ်းအနားတွေ တက်လေ့တက်ထမရှိပေမယ့် သိဒ္ဓိရဲ့ပွဲဖြစ်လို့ အတင်းတောင်းဆိုတာနှင့်ဆက်ထက်ရောက်လာရခြင်းပင်။
''ကျုပ်တို့သူဌေးမင်း နေကောင်းပါစ''
''မြင်တဲ့အတိုင်းပါပဲ''
ဝင်လာသည်နှင့် အနားရောက်လာသည့်လူတစ်ချို့ကြောင့် ဆက်ထင်စိတ်ရှုပ်လာမိသည်။မဟုတ်ရင်တောင်ဒီရက်ပိုင်းစိတ်တွေဟာဂယောင်ဂက်ခြားနှင့်မလို့ အသံတွေဆူညံနေတာမျိုး လူရှုပ်သည့်နေရာမျိုးကိုဆက်ထင်မနေချင်မိ။
မြို့ဝန်ကြိုဆိုပွဲဖြစ်လို့ ရာထူးကြီးသည့်အလျောက်အပြင်အဆင်ကိုလဲသေချာပြုလုပ်ထားသည်ကိုဆက်ထင်မြင်နေရသည်။လူရှင်းသည့်ခုံတစ်ခုံတွင်ခြေချိတ်ကာဝင်ထိုင်လိုက်သည့်အခါဆက်ထင်ဘေးနားသို့ရောက်လာသည့်အရာရှိများစွာ လူများစွာ။
''မတွေ့တာတောင်ကြာပါ့ရော ဒီလိုအခမ်းအနားတွေတက်လေ့တက်စမရှိဘူးမလား''
''သူဌေးမင်းနဲ့ မြို့ဝန်ဟာအင်မတန်ရင်းနှီးကြတဲ့သူငယ်ချင်းတွေကိုမတက်စရာအကြောင်းရှိပါ့မလား''
''ဟေ့လူ ဒီမယ်သူဌေးမင်းရောက်နေရဲ့ လာနှုတ်ဆက်ချေဦး''
အနားသို့တဖြည်းဖြည်းရောက်လာသည့်လူတွေကြားထဲဆက်ထင်သက်ပြင်းချမိသည်။ဒီလောကကြားထဲ အတွေ့အကြုံမရှိပါပဲ ရာထူးကြောင့်သာခြေပစ်လက်ပစ်ဝင်သွားခဲ့တဲ့သိဒ္ဓိကြောင့် ဆက်ထင်ပိုရင်လေးရသည်။ကိုယ်တိုင်အစွမ်းအစမရှိပါပဲ အင်အားကြီးသူတွေသာကပ်ဖားရပ်ဖားလုပ်နေရသည့်လောကသားများ။
''ဒါနဲ့သူဌေးမင်း မြို့ဝန်ရဲ့ချစ်ရေးချစ်ရာအကြောင်းတစ်စွန်းတစ်စကြားမိတာမျိုးရှိသလားခဗျာ''
''ဟိတ်လူ တော်ပါလေ ဒီပွဲနဲ့သက်ဆိုင်တဲ့အကြောင်းအရာမှမဟုတ်တာလေ''
ဆက်ထင် မျက်နှာလွှဲထားရာမှ အရှေ့တည့်တည့်ခုံကနေ ပြောလာသည့်လူကိုလှည့်ကြည့်လိုက်သည်။
YOU ARE READING
Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed
Romanceနေညိုသွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့် သူ့ဘဝကိုလက်လျော့လိုက်ပြီး သေကြောင်းကြံစည်ခဲ့တယ် သို့ပေမယ့် အချိန်ကူးပြောင်းပြီး ၂၀ ရာစုကခတ္တာဆိုတဲ့ ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်မွေးဖွ...