''ကျွန်တော်ကယောကျာ်းတစ်ယောက်ပါဦးထင်''
အချိန်အတန်ကြာမှထွက်ပေါ်လာသည့်စကားကြောင့်ဆက်ထင် ပြုံးလိုက်မိသည်။
''ကျုပ်သိနှင့်ပြီးသားပဲ''
''ဒါဆိုမဖြစ်နိုင်ဘူးဆိုတာလဲ သိလောက်မှာပါ''
ဆက်ထင် သက်ပြင်းတချက်ချလိုက်ကာ အေးစက်နေသည့်လက်လေးတစ်ဖက်အားကိုင်ထားလိုက်သည်။
''ကျုပ်ဘဝမယ်မဖြစ်နိုင်ဘူးဆိုတဲ့အရာမရှိဘူးခတ္တာ''
ခတ္တာဟာ ဆက်ထင်ရဲ့လက်ထဲမှသူ့လက်သေးသေးလေးကိုအားအင်သုံး၍ရုန်းထွက်ပြီး။
''ကျွန်တော့်မှာဦးထင်ကိုပိုင်ဆိုင်နိုင်ရလောက်တဲ့အထိအရည်အချင်းမရှိပါဘူး''
ကောင်လေးဟာလွန်စွာဝမ်းနည်းနေသည့်မျက်လုံးများနှင့်ဆက်ထင်အားကြည့်လာသည်မလို့မျက််ခုံးများစုကျုံ့သွားရသည်။
''ဘာကိုဆိုလိုသလဲ''
''ကျွန်တော်ကယောကျာ်းတစ်ယောက်မလို့ခဗျားအတွက်မျိုးဆက်...အဲ့တာကို..''
''ကျစ်''
တစ်ချက်စုပ်သပ်လိုက်မိသည်။ခတ္တာကိုအပြစ်တင်ခြင်းတော့မဟုတ်၊ ကိုယ်တိုင်မလိုအပ်သည့်စကားတို့ကိုကျွံထားခြင်းကြောင့်မလို့သာ။
''ကျုပ်မင်းကိုသိပ်ချစ်ပါရဲ့ခတ္တာ ချစ်ခြင်းမေတ္တာဆိုတဲ့အရာအောက်မှာသာမင်းရောကျုပ်ရောနေမယ် ဒီအရာတွေဘေးဖယ်လိုက်စမ်းပါ''
မိုးဟာတဖြည်းဖြည်းနှင့်တိတ်စပြုလာခဲ့ပြီဖြစ်သည်။
ကောင်လေးဟာအခြားတဖက်သို့မျက်နှာလွှဲထား၍ငြိမ်သက်လျက်ရှိ၏။
''ကျုပ်အမှားပါ ဒါတွေဟာဒီအချိန်မှာသာအနှောက်အယှက်ဖြစ်လာမယ်ဆိုကျုပ်မပြောခဲ့သင့်...''
ခတ္တာဟာ ရုတ်တရက်ဆက်ထင်ရဲ့ရင်ဘတ်ပေါ်သို့ဦးခေါင်းတစ်ခုတည်းသာမှီလိုက်သောကြောင့် နှလုံးခုန်သံဟာအရှိန်အဟုန်မြင့်တက်သွားသည်။
''ပြီးတော့ကြောက်မိတယ်...ခဗျားကျွန်တော်ကြောင့်အပြောအဆိုခံရမှာ ကဲ့ရဲ့ခံရမှာ ခဗျားကို ဘယ်သူ့မှမလေးစားကြတော့မှာကြောက်မိတယ် ကျွန်တော့်ကြောင့် ခဗျားမစွန့်စားသင့်ဘူး ဦးထင်''
YOU ARE READING
Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed
Lãng mạnနေညိုသွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့် သူ့ဘဝကိုလက်လျော့လိုက်ပြီး သေကြောင်းကြံစည်ခဲ့တယ် သို့ပေမယ့် အချိန်ကူးပြောင်းပြီး ၂၀ ရာစုကခတ္တာဆိုတဲ့ ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်မွေးဖွ...