အပိုင်း ၅၇

14K 891 26
                                    

''နောက်ဆုံးတော့ကျုပ်တို့သူဌေးမင်းရဲ့မင်္ဂလာသတင်းကြားရပြီပေါ့''

''ဟုတ်ပါ့ဗျာ ဖြစ်မယ့်ဖြစ်ဆိုင်းမဆင့်ဗုံမဆင့်''

''ကျုပ်ဖြင့်အခုထိအိမ်မက်လိုလိုထင်တုန်း''

လက်ထဲမှသတင်းစာအား ကျစ်ကျစ်ပါအောင်ကိုင်ထားမိသည်။အားလုံးရဲ့ဂုဏ်ပြုစကားသံကိုတို့ဆက်ထင်နားမဝင်နိုင် အာရုံဟာ သတင်းစာခေါင်းကြီးပိုင်းက စေ့စပ်ပွဲကြေညာချက်ဆီသို့ရောက်နေ​ခြင်းကြောင့်ပင်။

စေ့စပ်ပွဲဟာ ရက်ရာဇာဖြစ်သည့်မနက်ဖြန်ကိုသတ်မှတ်ထားပြီး ဝန်မင်းဦးခင်ဇော်၏အိမ်တွင်ကျင်းပမည်ဖြစ်သည်။လူသိရှင်ကြားမဖြစ်အောင် ဧည့်သည်အနည်းငယ်နှင့်အကျဥ်းရုံး စီစဥ်ဖို့ရာတောင်းဆိုထားသည်ကိုလက်ခံထားပြီး ယခုတော့သတင်းစာထဲတွင်ပါထည့်သွင်းကြေညာထားသေးသည်။ထိုအခါတမြို့လုံးတွင်ထိုသတင်းစကားဟာဖုံးဖိမရနိုင်အောင်ဖောင်းပွလာပြီဖြစ်၏။

စေ့စပ်ပွဲသတင်းဟာပျံ့နှံ့သွား၍ထိုလောကထဲကလူအများ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြပြီး ကွဲထွက်သွားကြသော ဦးခင်ဇော်၏ဘက်တော်သားများ စီးပွားရေးလုပ်ငန်းရှင်များနှင့် အရာရှိများအားလုံး ဝန်မင်းထံပြန်၍ချဥ်းကပ်လာကြသည်ဟုယနေ့မနက်တွင် ဆက်ထင်သတင်းကြားထား၏။

ထို့နောက်တွင် အခန်းကျယ်အတွင်းသို့ဝင်လာသည့်အေးကိုဟာ လက်ထဲတွင်စာရွက်တစ်ချို့ကိုင်ကာ ဆက်ထင်ဘေးသို့ဝင်ထိုင်၏။ ပြီးနောက်တွင်ထိုစာရွက်များအားဆက်ထင်ရှေ့ဆီသို့ချပေးရင်း။

''ခွင့်ပြုအမိန့်ရလာပါရဲ့ ကိုဆက်ထင်''

ဆက်ထင်အလျင်အမြန်ပင် စားပွဲပေါ်က စာအိတ်အားဖွင့်ဖောက်ကြည့်လိုက်သည့်အခါ ကုန်ကြမ်းများအတွက် သယ်ယူခွင့် အမိန့်စာအားရရှိလာပြီဖြစ်သည်မလို့ သက်ပြင်းရှည်တချက်ဆွဲချလိုက်သည်။

''လူအင်အားသုံးပြီး မနက်ဖြန်အပြီးသယ်စေချင်ရဲ့အေးကို''

''စိတ်ချပါကိုဆက်ထင်''

တစ်ခုသောအပူမီးဟာ ငြိမ်းသွားပြီဖြစ်၍ ဝမ်းသာရမည်ဟုတွေးသော်လည်း မနက်ဖြန်ခါတစ်ရက်ဟာ ဆက်ထင်အတွက် ပြသာဒါးအဖြစ်ကျန်နေသေး၏။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now