အပိုင်း ၆၀

23.6K 1.3K 59
                                    

''သားလေးထမင်းစားရအောင်ကွယ်''

လသာဆောင်တွင်ဒူးလေးထောင်ကာထိုင်နေသည့်ခတ္တာအား ဝင်းကိုရဲ့မိခင်ဖြစ်သူကထမင်းစားရန်လာခေါ်သည့်အတွက် ဦးနှောက်ထဲမှအတွေးပေါင်းစုံဟာလွင့်စင်သွားတော့သည်။

''ကျွန်တော်မဆာသေးပါဘူးဒေါ်ဒေါ် ''

''ဟင်း...ဒီကလေးနှယ်ထမင်းကတော့အချိန်မှန်စားသောက်ရမှာပေါ့ကွယ်ဒါမှကျန်းမာမှာပေါ့ အင်း...ဒါဖြင့်မင်းသူငယ်ချင်းနဲ့တူတူစားချေ ပြန်လာချိန်နီးပြီ''

''ဟုတ်ကဲ့ပါဒေါ်ဒေါ် ဝင်းကိုပြန်လာရင်တူတူစားလိုက်ပါ့မယ်''

ဝင်းကိုမိခင်ဖြစ်သူဟာ ခတ္တာကျောပင်ကိူခပ်ဖွဖွလေးပုတ်ကာခေါင်းငြိမ့်လျက်ထွက်သွားသည်။ဒီအိမ်ကိုခတ္တာရောက်နေသည်မှာ၅ရက်လောက်ရှိပြီဖြစ်ပေမယ့်အားလုံးဟာခတ္တာအားသားအရင်းတစ်​ယောက်သဖွယ်ပြောဆိုဆက်ဆံပေးကြပြီးနွေးထွေးပေးကြ၏။တငူငူတငိုင်ငိုင်ဖြစ်နေသည့်ခတ္တာအား ပျော်ရွှင်အောင်ထားပေးကြပြီးသူတို့အိမ်တွင်ပဲနေရန်တောင်တဖွဖွပြောကြသည်။

ပုံမာန်ဘယ်သူစိမ်းတစ်ယောက်ရဲ့အိမ်ကမှ ဧည့်သည်အပေါ်မထားသည့်ဆက်ဆံရေးမျိုးကို ခတ္တာခံစားရပေမယ့်မပျော်မရွှင်နိုင် နေ့ရက်တိုင်းပင်ပန်းလွန်းသည့်အပြင် စိတ်ဓာတ်ကျသလိုခံစားရပြီးဦးမျိုးဆက်ထင်အားလွမ်းမိ၏။ယောကျာ်းဖြစ်ပြီး ဇွတ်တရွတ်ဆန် ငိုကြွေးခဲ့သည့်ထိုနေ့ကိုဖြစ်နိုင်လျှင် မှတ်ဉာဏ်တွေထဲထုတ်ပစ်ချင်သည်။

ထိုစေ့စပ်ပွဲပျက်သွားသည့်အကြောင်းဟာဟိုးလေးတကျော်ဖြစ်သွားပြီး သတင်းစာများတွင်ပါ ပါလာသည်အထိ မြို့ထဲတွင်ပျံ့နှံ့၍သတင်းတွေဖောင်းပွနေသည်ကိုတော့ဝင်းကိုပြောပြသောကြောင့်ခတ္တာသိပြီးရပြီဖြစ်သည်။ဦးမျိုးဆက်ထင်စေ့စပ်မည့်အမျိုးသမီးရဲ့အဖေဖြစ်သူကိုလည်းရဲတွေကလာခေါ်သွားကြပြီး ထိုနေအိမ်တွင်ပဋိပက္ခပေါင်းစုံဖြစ်ခဲ့သည်ဟုလဲ သိရသည်။အခုနေဘယ်လိုအခြေအနေတွေဖြစ်နေမလဲတော့ခတ္တာသိချင်ပေမယ့် ဘယ်သူ့ကိုမှမျက်နှာချင်းဆိုင်ဖို့ရာအားအင်မရှိပါ။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now