ခတ္တာအိမ်ကြီးရှေ့တွင် ကြောင်တောင်တောင်လေးရပ်နေမိသည်။ခံစားချက်အမျိုးမျိုးနှင့်အတူ အိမ်ကြီးကိုကြည့်လိုက်သည်နှင့်ပြေးဝင်သွားချင်သည်အထိ။
ရပ်နေတာ နာရီဝက်နီးပါးကြာနေပြီဖြစ်သော်လည်း ခတ္တာအခုချိန်ထိ ဘယ်သူ့မှမတွေ့သေး လှမ်းမြင်နေရသည့်ဦးမျိုးဆက်ထင်အခန်းရဲ့ပြတင်းပေါက်ကလဲအခုထိမပွင့်သေး။ ကားတွေကလည်းအိမ်ထဲတွင် အားလုံးရပ်ထားသည့်အတွက် ဦးမျိုးဆက်ထင်အိမ်မှာရှိသည်ဟုထင်ရသည်။
မြင်းလှည်းကြုံနှင့် ၅ နာရီလောက်ထလိုက်ခဲ့ရပါသော်လည်း အခု၇နာရီပင်ရှိပြီဖြစ်၏။ အထဲကိုဝင်ရမလားမဝင်ရမလားတွေးနေတုန်း ခြံအတွင်းမှပန်းရုံလေးကိုလှမ်းကြည့်လိုက်မိသည်။တကယ်ပဲနှင်းဆီ အဖြူလေးတွေအများကြီးပင် ဦးမျိုးဆက်ထင် အပင်စိုက်တတ်ပျိုးတတ်သွားပြီဟုထင်မိ၏။သေချာလေးကိုပြင်ဆင်ထားပြီး အရင်တုန်းကပုံစံထပ်ကို အနည်းငယ်လှပသွားသေးသည်။
ခဏအကြာတွင် ခြံထဲသို့အေးမြဆင်းလာသည့်အတွက်ခတ္တာဝမ်းသာသွားသည်။ဒီကောင်မလေး လှလို့ပလို့ အရင်က သနပ်ခါးပင်သိပ်မလိမ်းပဲဖိုသီဖက်သီနေပေမယ့် အခုတော့ ပါးကွက်ကြားနှင့်။
''အေးမြ... ဟဲ့''
ခတ္တာခေါ်လိုက်သော်လည်း အေးမြကမကြားခြံထဲတွင်တစ်ခုခုကိုလိုက်ရှာနေသည့်ပုံပင် ပါးစပ်ကလဲတစ်ခုခုရွတ်နေသည့်ပုံပင်။ပြီးနောက် သူရှာနေတဲ့သံကပ်ကြေးကိုတွေ့ပြီးနောက်ကောက်ယူလိုက်ပြီး လှည့်ထွက်သွားတော့မည့်အခါ ခတ္တာ ခပ်ကျယ်ကျယ်အော်ခေါ်လိုက်သည်။
''ဟဲ့ အေးမြ ''
အခုတစ်ခေါက်တော့အေးမြကြားသွားပြီးအသံလာရာကိုလိုက်နေရှာနေသည်။
''ငါဒီမှာဟ''
ခတ္တာ ခေါင်းလေးအနည်းငယ်ပြူပြီး လက်ပြလိုက်သည့်အခါ အေးမြကတွေ့သွားပြီး အလျင်အမြန်ပင် ခြံရှေ့ထွက်လာသည်။
''အမလေး ဗုဒ္ဓေါ...ကိုအတာ''
''တိုးတိုးဟ...''
ခတ္တာ နှုတ်ခမ်းပေါ်လက်ညိုးတင်ကာ အမူအရာပြလိုက်တော့ အေးမြဟာသူ့ပါးစပ်သူ လက်ကလေးနှင့်ပိတ်ကာ အိမ်ကြီးဆီလှည့်ကြည့်ပြီး ခတ္တာအနားသို့ရောက်လာသည်။
YOU ARE READING
Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed
Storie d'amoreနေညိုသွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့် သူ့ဘဝကိုလက်လျော့လိုက်ပြီး သေကြောင်းကြံစည်ခဲ့တယ် သို့ပေမယ့် အချိန်ကူးပြောင်းပြီး ၂၀ ရာစုကခတ္တာဆိုတဲ့ ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်မွေးဖွ...