ကားပေါ်တွင်အကိုအေးကိုပြောလာခဲ့သမျှအဖြစ်မှန်တွေအားလုံးနားထောင်ပြီး ခတ္တာရှိုက်ကြီးတငင်ငိုမိသည်။ ဘယ်လိုတောင်အထင်လွဲရက်ခဲ့တာပါလဲ ဘာလို့ဦးမျိုးဆက်ထင်ရဲ့စောင့်ပေးပါဆိုတဲ့စကားကိုနားမထောင်ပဲ ကိုယ့်သဘောနဲ့ကိုယ်ထွက်လာခဲ့တာပါလဲ ဘာလို့အားလုံးကိုတိတ်တိတ်လေးပုန်းရှောင်နေမိတာပါလဲ ခတ္တာရဲ့မိုက်မဲမှုတွေကြောင့်ဦးမျိုးဆက်ထင်မှာဒီလိုအခြေအနေရောက်သွားသည်အထိ။
ဒီရက်တွေတွင်းလုံးဝမအိပ်မစားပဲ ခတ္တာအား တနေကုန်ရှာနေတတ်ပြီးညဥ့်နက်အချိန်ကနေ မိုးလင်းသည်အထိတနေကုန်လမ်းမတွေအပေါ်မှာပဲတဲ့လေ။ကိုယ့်ကိုယ်ကိုသာဓားနှင့်မွှန်းကာ အပြစ်ပေးလိုက်ချင်သည်အထိ။
အမြဲကျန်းမာလန်းဆန်းနေတတ်သည့်သူဟာဘာမဟုတ်တဲ့ခတ္တာကြောင့်ရက်တွေဆက်တိုက်ဝေသနာပေါင်းစုံကိုခံစားနေရပြီးအခုတော့ကျန်းမာရေးထိခိုက်သည်အထိ။ဖြစ်မှန်အားလုံးခတ္တာသိရချိန်ပို၍အပြစ်ရှိသည်ကခတ္တာကိုယ်တိုင်ပင် ။ခတ္တာစိတ်ဆင်းရဲမှာကြောက်လွန်းသောကြောင့်တိတ်တဆိတ်နှင့်လှုပ်ရှားခဲ့သည်ကိုမသိခဲ့ပါပဲ တစ်ကိုယ်ကောင်းဆန်ပြီး တစ်ဖက်ပိတ်အတွေးနှင့် ဦးမျိုးဆက်ထင်အားအထင်လွဲခဲ့မိသည်။
တကယ့်တကယ်တောင်းပန်သင့်သည်ကဦးမျိုးဆက်ထင်မဟုတ်ပါပဲ ခတ္တာသာဖြစ်၏။ ဦးမျိုးဆက်ထင်ဟာဘာအမှားမှမရှိခဲ့ပါ အဲ့ဒီကိစ္စတွေနဲ့ရောခတ္တာပျောက်သွားသည့်အတွက်ရောဘယ်လောက်တောင်ပူဆွေးသောကရောက်နေခဲ့ပါမလဲ။ကိုယ်တိုင်သာစားဝင်အိပ်ပျော်ပြီး နေနေခဲ့ရသလောက်ဦးမျိုးဆက်ထင်မှာ ခတ္တာကြောင့်ပြိုလဲသွားရသည်။
''ကားရပ်ပေးပါအစ်ကို''
ခြံရှေ့သို့ရောက်သည်နှင့်ခတ္တာမစောင့်နိုင်တော့ပါပဲ ကားရပ်ခိုင်းလိုက်သည့်အခါအကိုအေးကိုဟာ ကားကိုခြံရှေ့တွင်ရပ်ပေးသည်။ ကားတံခါးကိုဖွင့်၍ ခတ္တာခြံထဲကိုပြေးလာမိ၏။ အခုမှခြေလှမ်းတွေဟာပိုနှေးနေသယောင် ဖြစ်နေပြီး ပါးပြင်ပေါ်သို့မျက်ရည်များဟာအဆက်မပြတ် ။ အိမ်ကြီးရှေ့ရောက်သည့်အခါ အထဲတွင် အေးမြနှင့်ယဥ်ယဥ်ဟာ ခတ္တာကိုတွေ့တော့အံ့သြဝမ်းသာစွာနှင့်ငိုကြွေးလျက်ပြေးလာကြသည်။
YOU ARE READING
Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed
Romanceနေညိုသွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့် သူ့ဘဝကိုလက်လျော့လိုက်ပြီး သေကြောင်းကြံစည်ခဲ့တယ် သို့ပေမယ့် အချိန်ကူးပြောင်းပြီး ၂၀ ရာစုကခတ္တာဆိုတဲ့ ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်မွေးဖွ...