အပိုင်း ၅၁

23K 1.3K 6
                                    

နေဟာ ယနေ့မှပိုပူသယောင်ရှိသည်။ထွက်လာသည့်အချိန်တုန်းကမိုးအေးမည်ဟုထင်ခဲ့သော်လည်း မြို့ထဲရောက်ခါနီးလေပိုပူလေဖြစ်လာ၏။ လမ်းတစ်ဝက်ချိုးကျော်မောင်းလာခဲ့သည်မလို့အရိပ်ရသည့်နေရာတွင် ကားကိုရပ်လိုက်သည်။ တံခါးဖွင့်ကာကားပေါ်ကဆင်းလာပြီးနောက် ဘေးထိုင်ခုံတွင် အိပ်နေသည့်မောင်ခတ္တာနှင့်သူ၏အချစ်တော်ကြောင်ဖက်တီးကိုလေရအောင်လို့ ဘေးတံခါးကို တိုးတိုးတိတ်တိတ်ဖွင့်ပေးရသည်။

အိပ်မောကျနေသည့်ခတ္တာမှာ ချွေးစလေးတွေပင်အနည်းငယ်ထွက်နေပြီမလို့ တိုက်ပုံအင်္ကျီအိတ်ကပ်ထဲမှလက်ကိုင်ပုဝါအားယူပြီး ဖြည်းဖြည်းချင်းတို့ထိကာသုတ်ပေးရသည်။

ဘေးသို့ခေါင်းစောင်းကာအိပ်ပျော်နေသည့်အတွက် အနည်းငယ်ချွန်ထွက်နေသည့်နှုတ်ခမ်းဖူးဖူးလေးမှာလဲချစ်စရာဖွယ်ပင်။ထိပ်ဆံပင်များကိုကြိုးနှင့်ချည်ထားသည့်အတွက်နှဖူးပြင်ကျဥ်းကျဥ်းဟာ ပြောင်ရှင်းနေပြီး မျက်ခုံးလေးတွေဟာလဲတစ်ပင်ချင်းစီရေတွက်လို့ရသည်အထိ။

ဘာရည်ရွယ်ချက်နှင့် ဆံပင်လေးကိုထိပ်လေးတွင်စည်းနှောင်ထားလဲမသိပေမယ့် ဆက်ထင်မှတ်ဉာဏ်ထဲတွင်တော့ဒါဟာမောင်ခတ္တာရဲ့သင်္ကေတတစ်ခုဟုမှတ်ယူထားသည်။ဘယ်လိုများ အသက်ပြည့်ပြီးသားယောကျ်ားသားလေးတစ်ယောက်ဟာချစ်စဖွယ်ဖြစ်နေလဲမတွေးတတ်။ကုသိုလ်အယူကောင်းခဲ့သည့်ကလေးဟုသာထင်မိသည် အင်း...မောင်ခတ္တာရဲ့လက်ထဲကကြောင်ရောပေါ့။

အပင်အရိပ်အောက်မလို့ တချက်ချက်တိုးဝှေ့လာသည့်လေကလည်းအေးမြစွာ။ဆက်ထင် ကားကိုမှီကာ အရှေ့ဘက်မှ မြေကွက်လပ်များ လယ်ကွင်းပြင်များကိုကြည့်ရင်းငြိမ်သက်နေမိသည်။

''လူလေးခတ္တာဟာသူဌေးကြီးအပေါ်ဘာခံစားချက်မှလျဥ်းရှိပါဘူး ဒါကြောင့်သူဌေးကြီးဘက်ကသာလက်လျော့လိုက်ဖို့ ကျုပ်တောင်းဆိုပါရဲ့''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now