ဧည့်ခန်းစားပွဲပေါ်က ရွှေချောင်းများ စာရွက်စာတမ်းများနှင့်များစွာငွေအုပ်အပုံလိုက်ကြီးအားကြည့်ရင်းခတ္တာ ကြက်သီးများပင်ထမိသည်။ဦးမျိုးဆက်ထင်မျက်နှာဟာတည်ကြည်နေပြီး အမေဟာလည်း မယုံနိုင်သဖွယ်နှင့်ခတ္တာကိုတလှည့်ဦးမျိုးဆက်ထင်ကိုတလှည့်ကြည့်နေသည်မလို့နေရခက်လာသည်။
ဧည့်ခန်းအတွင်းငြိမ်သက်တိတ်ဆိတ်နေသည်။အကိုအေးကိုနှင့်ဘထွေးကလည်းတစ်ယောက်မှဘာတစ်ခွန်းမှမပြောကြသည့်အခြေအနေကိုအကဲခတ်နေလိုက် တစ်နေရာထဲကိုကြည့်ကာငြိမ်သက်သွားလိုက်နှင့်။ဦးမျိုးဆက်ထင်ကတော့ ခါတိုင်းလိုမျိုးသူ့ပုံစံအတိုင်းမဟုတ်ပါပဲအမေရှိနေသောကြောင့်အမြဲခြေချိတ်ထိုင်တတ်သည့်သူဟာအခုတော့ခြေထောက်များကိုချ၍လက်တစ်ဖက်နှင့်တစ်ဖက်ကိုလဲအုပ်မိုးကာယှက်နွယ်ထားသေးသည်။
''ကျုပ်ကို သားမက် တော်ပေးပါ''
အတော်တန်ကြာသည်အထိငြိမ်သက်နေပြီးမှ ရုတ်တရက်ထွက်ပေါ်လာသည့်အသံကြောင့်အားလုံးရဲ့အကြည့်ဟာ ဦးမျိုးဆက်ထင်ဆီရောက်လာကြ၏။ ကိုယ့်နှဖူးကိုခပ်နာနာသာရိုက်ပြီးသေလိုက်ချင်သည် ၂ရက်တာကာလလုံး သေချာစဉ်းစားထားသည့်စကားဟာ တစ်စက်ကလေးမှတောင်းရမ်းနေခြင်းနှင့်မတူပါပဲ ပစ္စည်းဝယ်ယူသလိုဖြစ်နေသည့်အပြင် အမိန့်ပေးသည့်လေသံဘက်လည်းသွားနေသေးသည်။
''ရှင်...''
အေမက အံ့သြစွာနှင့် ဦးမျိုးဆက်ထင်ဘက်သို့လှမ်းကြည့်လိုက်သည်။
''သားဖြစ်သူကို သိပ်ကိုချစ်မြတ်နိုးပါရဲ့ ဒါကြောင့်လက်ထပ်ထိမ်းမြားပြီးကျုပ်အနားမယ်တသက်လုံးထားချင်တာမလို့ သဘောတူပေးပါလို့ကျုပ်တောင်းဆိုပါရဲ့ဒေါ်ညို''
''အစ်ကိုကြီးပြောပြထားလို့အကြောင်းအရာအစုံအလင်ကိုတော့သိပြီးပါရဲ့သူဌေးမင်း ကျုပ်သားလေးစိတ်ချမ်းသာရင်ရပါပြီ ဒါတွေမလိုအပ်ပါဘူး''
ခတ္တာအမေအားလှမ်းကြည့်လိုက်သည်။အမေဟာပါးပြင်နှစ်ဖက်တွင်ပါးကွက်များကွက်ထားပြီး ခါတိုင်းထပ်ပို၍သပ်ရပ်သည့်အဝတ်စားများနှင့်ထိုင်နေကာ ခတ္တာဘက်အားလှည့်ကြည့်လာ၏။ ထို့နောက် ခတ္တာအားခေါင်းငြိမ့်ကာပြုံးပြလာသည်။ကန့်ကွက်မည်ဟုသာထင်ခဲ့သောအမေမှာခတ္တာတို့အားကြည်ဖြူစွာနှင့်လက်ခံပေးသည့်အတွက်ရင်ထဲကြည်နူးဝမ်းသာဖြစ်မိ၏။
![](https://img.wattpad.com/cover/366126408-288-k802073.jpg)
YOU ARE READING
Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed
Romanceနေညိုသွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့် သူ့ဘဝကိုလက်လျော့လိုက်ပြီး သေကြောင်းကြံစည်ခဲ့တယ် သို့ပေမယ့် အချိန်ကူးပြောင်းပြီး ၂၀ ရာစုကခတ္တာဆိုတဲ့ ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်မွေးဖွ...