''အဲ့ဒီစေ့စပ်ပွဲ...လုပ်ကြတာပေါ့''
ဦးခင်ဇော်ရဲ့မျက်နှာမှာအပြုံးပန်းတို့ဝေဆာသွားသည်။ထို့အတူ အရာအားလုံးဆုံးရှုံးရခါနီးအခြေအနေတွင် ဆက်ထင်ဒေါသကိုထိန်းချုပ်ထားရသည်။ဒီလိုမှမဟုတ်လျှင် ဆက်ထင်အတွက် အချိန်ယူဖို့ရာ လမ်းကြောင်း မရှိ ။ နည်းလမ်းတကျဖြေရှင်းရမည့်အရာအား ၅ရက်တာကာလတွင်းအကောင်ထည်ဖော်လို့ရမည်ဟု မထင်သည့်အတွက် နောက်ဆုံးဒီအရာကိုသာရွေးချယ်လိုက်သည်။
''မြို့ထဲမယ်သတင်းလွှင့်လိုက်ချေ''
ဦးခင်ဇော်ဟာ သူရဲ့တပည့်အားလှမ်းပြောလိုက်သည့်အခါတွင် ထိုသူကခေါင်းတချက်ငြိမ့်၍ထွက်သွားသည်။
''သိပ်ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ပါပဲ''
''၂ရက်အတွင်းကျုပ် ကုန်ကြမ်းတွေအတွက်ခွင့်ပြုစာလိုချင်ရဲ့''
''ကောင်းပြီလေ ဒါဖြင့်စေ့စပ်ပွဲကိုလည်းရက်ရာဇာရွေးပြီးမောင်ရင်ထံစာပို့လိုက်ပါမယ်''
ဆက်ထင်ထိုင်ရာမှထလိုက်၍ ခြောက်ကပ်ကပ်ရယ်မောရင်း ဦးခင်ဇော်အားလှမ်းကြည့်လိုက်သည်။
''ကောင်းပြီ''
ဦးခင်ဇော်၏ရယ်သံဟာထိုအခန်းကျယ်တွင်းပျံ့လွှင့်သွား၏။ရင်ထဲကအပူမီးဟာ ဘယ်အရာနှင့်မျှငြိမ်းသက်လို့ရမယ်ဟုမထင် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထား၍ ထိုနေရာမှထွက်လာခဲ့လိုက်သည်။
လောကတွင်မတည်မြဲသည့်အရာအား မျောက်နှာစေးသကဲ့သို့ မတော်လောဘထားနေသည့် ဦးခင်ဇော်ရဲ့ရူးသွပ်မှုကို ဆက်ထင်ချုပ်သိမ်းပေးရမည်။အခုတော့ဆက်ထင်အား ဒီလိုအရာလေးလောက်နှင့်အနိုင်ယူလိုက်ရပြီဟုထင်မှတ်ပြီး ဦးခင်ဇော်တစ်ယောက်ကျိန်းသေပျော်ရွှင်နေလောက်၏။
''အသိဉာဏ်တိမ်လိုက်ပုံများ...''
ဒီလိုမရှောင်လွဲနိုင်သည့်အချင်းအရာများတစ်နေ့နေ့တစ်ချိန်ချိန်တွင်ဖြစ်လာမည်ဟုကြိုတင်တော့တွေးထားမိသော်လည်း အနှေးနဲ့အမြန်ကွာ၍ ဖြစ်လာခဲ့သည်။ ယခင်ကလို တစ်ယောက်တည်းသာဆိုလျှင် ဒီလိုတွေဝေခြင်းမရှိပါပဲ လုပ်သင့်သည်များကိုမဆိုင်းမတွလုပ်လိုက်ပြီဖြစ်သည်။ သို့သော်ယခုလက်ရှိအခြေအနေက မောင်ခတ္တာရှိနေပြီဖြစ်တဲ့အတွက်ဆက်ထင်အတွက်စဥ်းစားစရာတွေဟာသိပ်များလာ၏။
![](https://img.wattpad.com/cover/366126408-288-k802073.jpg)
YOU ARE READING
Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed
Romanceနေညိုသွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့် သူ့ဘဝကိုလက်လျော့လိုက်ပြီး သေကြောင်းကြံစည်ခဲ့တယ် သို့ပေမယ့် အချိန်ကူးပြောင်းပြီး ၂၀ ရာစုကခတ္တာဆိုတဲ့ ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်မွေးဖွ...