ဒီနေ့ဟာစာမေးပွဲနောက်ဆုံးရက်ဖြစ်၏။ခတ္တာ စာမေးပွဲရက်အားလုံးကိုအထစ်ငေါ့မရှိစွာနှင့် ဖြေဆိုနိုင်ခဲ့သည်။ စာမေးပွဲမဖြေခင်ရက်တွေတော့ ခတ္တာတွက်ကျောင်းတက်ရသည်မှာအတော်လေးခက်ခဲ၏။လူအရှေ့မှာတစ်ယောက်လုံးရှိနေတာတောင် အပြောဆိုခံခဲ့ရသည်။မကြားအောင်တမျိုး ကြားအောင်တမျိုး 'သိုက်တူးကောင်'တို့ 'မိန်းမလျာ'တို့ 'အခြောက်တို့'မျိုးစုံခေါ်သံတွေကိုခတ္တာသည်းခံခဲ့သည်။
သို့ပေမယ့် ဝင်းကိုကတော့ သူကြားရင် ကြားတဲ့နေရာတွင်ပြသာနာရှာသည်။ တစ်ယောက်ယောက်ကပြောလို့သူ့နားထဲပြန်ရောက်သည့်အခါ နောက်တရက်ထိုပြောသည့်သူဟာကျောင်းမတက်နိုင်တော့။ ပါချုပ်ရုံးခန်းခဏခဏရောက်သလို ဝင်းကိုဟာခတ္တာကြောင့် ကျောင်းထုတ်ခံရလုနီးနီးထိဖြစ်ခဲ့သည်။
စာမေးပွဲဖြေဆိုပြီး အားလုံးဟာ တစ်ယောက်နှင့်တစ်ယောက်နှုတ်ဆက်နေကြ၏။တချို့အဆောင်နေသူများဟာနယ်ပြန်ကြမှာဖြစ်သောကြောင့်အချင်းချင်းဖက်၍တငိုငိုတရီရီ။ဝင်းကိုနှင့် ခတ္တာသစ်ပုပ်ပင်ကြီးအောက်တွင် ဘေးချင်းယှဥ်၍ ထိုင်နေကြပြီး အနားက လူတွေအားလှမ်းငေးနေ၏။
''ငါရွာပြန်တော့မှာဝင်းကို''
''အင်း ငါသိရဲ့''
''နောက်နှစ်ကောလိပ်တက်ချင်မှတက်တော့မှာ''
ဝင်းကိုဟာခတ္တာအား ဆတ်ခနဲလှည့်ကြည့်လာသည်။မျက်ခုံးတွေပါစုကျုံ့ထားပြီး ခတ္တာမျက်နှာအရှေ့တည့်တည့်သို့ပြောင်းထိုင်လိုက်ပြီးနောက်။
''ဒါဘာစကားလဲ လာမယ့်နှစ်အတူတူအဆောင်နေ တက်မယ်ဆို''
''အခြေအနေအရပါပဲဝင်းကို ငါမင်းဆီလာတွေ့ပါမယ်''
ဝင်းကိုဟာခတ္တာအားအလိုမကျသည့်မျက်လုံးများနှင့်ကြည့်လာပြီးနောက် ခေါင်းခါရမ်းသည်။
''ငွေကြေးကြောင့်ဆို ငါရှိရဲ့ခတ္တာ မင်းကျောင်းပြီးတဲ့အထိငါ...''
''ငွေကြေးကြောင့်မဟုတ်ဘူးဝင်းကို ငါမနေချင်တော့ဘူးဒီအနားပတ်ဝန်းကျင်မှာရော လက်ရှိနေရာမှာရော''
YOU ARE READING
Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed
Romanceနေညိုသွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့် သူ့ဘဝကိုလက်လျော့လိုက်ပြီး သေကြောင်းကြံစည်ခဲ့တယ် သို့ပေမယ့် အချိန်ကူးပြောင်းပြီး ၂၀ ရာစုကခတ္တာဆိုတဲ့ ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်မွေးဖွ...