အပိုင်း ၅၀

25.7K 1.4K 28
                                    

ခတ္တာ အစားစာနေသည့်ဖက်တီးဘေးသို့ဆောင့်ကြောင့်ထိုင်ကာ တစ်ကိုယ်တည်းစဥ်းစားလျက်ရှိသည်။

''ငါနည်းနည်းမူလိုက်သင့်တယ်မလား ဖက်တီး''

အမှန်တကယ်ဆိုလျှင်ဦးမျိုးဆက်ထင်အားခတ္တာဘာကြောင့်များဒီလောက်ထိလွယ်လွယ်လက်ခံလိုက်သလဲစဥ်းစားလို့မရတော့။ပြန်တွေးတိုင်းရှက်လဲရှက်သလို မျက်နှာတစ်ခုလုံးပူထူနေသလိုပင်။

''ငါ့အပြစ်မဟုတ်ဘူးကွာ သူ့အပြစ်ကွ He's so fucking sweet''

မျက်နှာပြင်တစ်ခုလုံး လက်ဖဝါးနှစ်ဖက်နှင့်အုပ်မိုးလိုက်ကာ အကျယ်ကြီးအော်လိုက်မိသည်။ခတ္တာတစ်ညလုံးအိပ်မပျော်၍ မိုးလင်းပေါက်ထိငုတ်တုတ်ထထိုင်ရင်းမနေ့ကအဖြစ်အပျက်အားလုံးကိုစဥ်းစားရင်း ခေါင်းအုံးကိုထိုးမိသည်က ပေါက်ထွက်မတတ်။

တွဲခဲ့ဖူးသမျှမိန်းကလေးတွေချစ်စကားပြောရင်တောင်ရင်မခုန်ဖူးတဲ့ကောင်ဟာ အခုတော့ အရူးတပိုင်းလိုဖြစ်နေရတဲ့ထိဦးမျိုးဆက်ထင်ဟာတကယ်ရူးသွပ်ဖွယ်ရာ။

''ဒီချိန် ဘာလုပ်နေမလဲ''

တချက်ချက်မြည်နေသည့်သစ်သားတိုင်ကပ်နာရီအားလှမ်းကြည့်လိုက်တော့ ညနေ၃နာရီပင်ရှိပြီမလို့ ဦးထင်စာဖတ်ရင်ဖတ် မဖတ်ရင်တစ်ရေးတစ်မောအိပ်ပြီးအနားယူနေပြီပေါ့။

ခတ္တာအားသတိရနေမလားဟုတွေးရင် ငရဲကြီးမလားမသိ။

''အဲ့ဒီမှာစတွေ့တာပဲဖက်တီး ဦးထင်ကဘုရားနဲ့တရားနဲ့ သူ ငါကတစ်နှစ်လုံးနေလို့ဖင်ပူးတောင်းတစ်ကြိမ်ထောင်တဲ့ကောင်မဟုတ်''

ဒါကတော့တကယ့်အမှန်တရားပင်။ဘုရားအပေါ် သူများတွေလိုပေါ်ပင်တောင်ပုံမရိုက်ဖြစ်။အခါကြီးရက်ကြီးတွေဆိုနှုတ်စည်းကိုယ်စည်းစောင့်ပေမယ့် ဘုရားကိုတော့ပုံမာန်မရှိခိုးဖြစ် ဘာသာရေးသိပ်မလိုက်စား ။ငယ်စဥ်ကတော့ဘုရားတရားအရမ်းလုပ်သည် မိုးလင်းမျက်နှာသစ်ပြီးတာနှင့်ဘုရားသောက်တော်ရေလဲသည် ဘုရားစာတတ်သလောက်မှတ်သလောက်ဆိုပြီး ကန်တော့သည်။

ကြီးလာသည့်အခါကိုယ့်ဝမ်းကိုယ်ဖြည့်ဖို့နှင့်ကျောင်းတက်နိုင်ဖို့အရေးရုန်းကန်ရင်းဒါတွေလုပ်ဖို့ကိုမေ့သွားမိသည်။သို့ပေမယ့်ဘုရားတွင်ရွှေသင်္ကန်းတို့အလှူငွေထည့်တာထပ် မိဘမဲ့ဂေဟာများနှင့် ဘိုးဘွားရိပ်သာတို့ကိုတော့လှူဖြစ်တာများသည်။ သီချင်းတစ်ပုဒ်ထွက်ပြီးတာနှင့်ထန်းတပင်ဘက်ကဘိုးဘွားရိပ်သာများ ကလေးဂေဟာများကို အမြဲသွားဖြစ်သည်။မွေးနေ့များတွင်တော့ ဘုရားဝေယာဝိစ္စနှင့်ဘုန်းကြီးကျောင်းတွင်ဆွမ်းကပ်သည် ဒီလောက်သာ။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now