ဆက်ထင် ကားကိုအရှိန်တင်ထားမိသည်။ကြားရသည့်သတင်းက သွေးပါဆောင့်တိုးသည်မလို့ ခေါင်းထဲကလဲ တရိပ်ရိပ် ၊ တတ်နိုင်သလောက်ကားကိုထိန်း၍မောင်းရသည်။
ခြံဝန်းတစ်ခုရှေ့ရောက်တော့ ဟွန်းကိုအဆက်မပြတ်တီးသည့်အခါ ခြံစောင့်တစ်ယောက်က အလျင်အမြန်ရောက်လာပြီး ကားနားသို့လျှောက်လာသည်။
''ဘယ်သူများလဲ...''
''အခုချက်ချင်းခြံတံခါးဖွင့်လိုက်စမ်းပါ မောင်ရင်''
''ဘယ်သူ...''
''စကားကိုနှစ်ခါမပြောဘူး ကျုပ်ဖြတ်တိုက်ပြီးဝင်ရမလား''
ထိုအခါမှ ခြံစောင့်ဟာ ခြံတံခါးကိုဖွင့်သည်။ ဆက်ထင် ကားကိုထိုးရပ်၍ ထိုအိမ်ထဲသို့ခြေလှမ်းကျဲများနှင့်လျှောက်လာခဲ့သည်။ပြောသည့်အတိုင်း ကြားရသည့်အတိုင်းပဲ တကယ်ပဲ...။
''ပေါ်တင်ကိုရောင်းဝယ်ဖောက်ကားနေကြပါလား''
ဧည့်ခန်းထဲတွင် ထိုင်နေသည့်ဒေါ်ခင်မေသန်းနှင့်အတူ သက်ကြီးပိုင်းအရွယ်အမျိုးသားတစ်ဦး တခြားလူကြီးများအငယ်တန်းအရာရှိများနှင့်အတူ ညီမဖြစ်သူ မေရီရီ။
''ကိုကိုကြီး''
မေရီဟာဆက်ထင်အနားသို့ ငိုရင်းပြေးလာသည်။ဆက်ထင် ဒေါသစိတ်တို့ဟာ ထိန်းသိမ်းမရသော်လည်းငိုနေသောညီမဖြစ်သူလက်အားဆွဲကိုင်၍ ဆက်ထင်အနောက်သို့ပို့ထားလိုက်သည်။
''ကိုကိုကြီးရှိရဲ့ ရီရီ''
ဆက်ထင် သက်ပြင်းတချက်ချလိုက်သည်။ ထို့နောက်ဧည့်ခန်းဘက်လှည့်လိုက်သောအခါ ဒေါ်ခင်မေသန်းဟာထ၍။
''ဒါမင်္ဂလာယူနေတဲ့အချိန်ကွဲ့ ဘယ်လိုရိုင်းစိုင်းတဲ့အပြုအမူလဲ''
''ခဗျား ပါးစပ်သာပိတ်ထားလိုက်စမ်းပါ ဒေါ်ခင်မေသန်း''
ဆက်ထင် အော်သံလိုက်သံကြောင့် ဘေးနားကလူများတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက် အံ့သြမင်သက်စွာနှင့်။
''ပိုင်ဆိုင်သမျှစည်းစိမ်အကုန်လောင်းကြေးထပ်ရုံမကလို့ သားသမီးကိုပါပုံအောတော့မယ်ပေါ့ ဟုတ်ရဲ့လား''
YOU ARE READING
Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed
Romanceနေညိုသွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့် သူ့ဘဝကိုလက်လျော့လိုက်ပြီး သေကြောင်းကြံစည်ခဲ့တယ် သို့ပေမယ့် အချိန်ကူးပြောင်းပြီး ၂၀ ရာစုကခတ္တာဆိုတဲ့ ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်မွေးဖွ...