''ဟိတ်ကောင်''
ခတ္တာရဲ့ကျောပြင်အားခပ်ပြင်းပြင်းရိုက်ချလိုက်သည့်အခါ ခတ္တာအတွေးနယ်တွေကနေ အသိပြန်ဝင်လာပြီး လန့်သွားရသည်။
''နာတယ်ဟ''
''နာအောင်ရိုက်တာဟ မင်းကိုခေါ်တာအခေါက်တစ်သောင်းဖြင့်ရှိပြီ''
''ဟုတ်လား'' ခတ္တာစိတ်ညစ်စွာနှင့် စာရေးစားပွဲပေါ်ခေါင်းမောက်ချလိုက်သည်။ ရှုပ်ထွေးနေသည့်အတွေးတို့အား ခတ္တာဘယ်လိုဖြေရှင်းရမလဲ။
''မင်းမမာ(နေမကောင်း)ဘူးလားခတ္တာ ဖြူရော်နေတာပဲ''
ဝင်းကိုက ခတ္တာနှဖူးအား စမ်းသပ်ဖို့လက်လှမ်းစဥ် ခတ္တာဝင်းကိုလက်ကို ဖယ်ထုတ်လိုက်သည်။
''နှဖူးကိုမထိနဲ့''
''ဘာလို့လဲ သွေးစုနာပေါက်နေသလား''
''ဒီဖေ...''
အားရပါးရအော်ကြီးဟစ်ကျယ်ပြောလိုက်သည့်ဝင်းကိုကြောင့် အနောက်တန်းကလူတွေကပါထရယ်ကုန်သည်။ ခတ္တာ ခပ်ကြိတ်ကြိတ် ဆဲရေးတိုင်းထွာလိုက်၏။ဝင်းကိုဟာခတ္တာဘယ်လောက်ဆဲဲဆဲ ရိုင်းရိုင်း ဘာမှမပြောအမြဲ ရယ်သာရယ်နေသည်။ ခတ္တာကိုစလို့ခတ္တာကဆဲရင် ဝင်းကိုအမြဲပြောသည်က'မင်းမလို့နော် တခြားသူဆိုရင်ဖြင့်ဝီလီယျံဝင်းကိုနဲ့တစ်ပွဲတစ်လမ်းခင်းပြီးပြီ'တို့ 'မင်းရိုင်းတာပျိုကညှာလေးတွေလိုချစ်စဖွယ်လေး'တို့ ဘာတို့ ထိုသို့ပြောရင် ခတ္တာဝင်းကိုရဲ့ကျောအားတဘုန်းဘုန်းနှင့်ထုလိုက်ကန်လိုက်နှင့် ထိုအခါလဲအူတက်အောင်ရယ်ပြီးငြိမ်ခံနေ၏။
''စိတ်ညစ်နေတာဝင်းကိုရာ မစနဲ့ကွာ''
''ဘာတွေဖြစ်နေလဲ ငွေရေးကြေးရေးဆိုငါ့ပွင့်ပွင့်လင်းလင်းပြောဝီလီယျံဝင်းကိုရဲ့ဘဝမှာငွေရေးကြေးရေးက ခြေသလုံးမွှေးပဲ''
''မင်းခြေသလုံးမွှေးထပ်ငါ့မှာရှိတဲ့ပိုက်ဆံကပိုများတယ် အခုဟာက တခြားကိစ္စကွ''
ဝင်းကိုက စိုးရိမ်သွားဟန်နှင့် ခတ္တာအနားကပ်လာ၍ခပ်တိုးတိုးပြောလာ၏။
''မင်းတစ်ယောက်ယောက်ကိုကြိုက်နေပြီလား''
ခတ္တာမျက်လုံးတို့ဟာအနည်းငယ်ပြူးကျယ်သွားပြီးခေါင်းမွှေးတွေထောင်သွား၏။
YOU ARE READING
Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed
Romanceနေညိုသွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့် သူ့ဘဝကိုလက်လျော့လိုက်ပြီး သေကြောင်းကြံစည်ခဲ့တယ် သို့ပေမယ့် အချိန်ကူးပြောင်းပြီး ၂၀ ရာစုကခတ္တာဆိုတဲ့ ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်မွေးဖွ...