''လောကမှာငွေနဲ့ဝယ်မရတဲ့အရာတွေအများသား''
နေရဲ့အလင်းရောင်သာဝင်နေသည့် အခန်းကျယ်
ကြီးအတွင်းရှိစားပွဲဝိုင်းရှည်တွင် လူ၁၀ယောက်ကျော်ထိုင်နေလေ၏။ဆက်ထင်ရှေ့တွင် ဦးစီးအရာရှိမှူး ပြန်တမ်းဝင်အရာရှိများနှင့် မြို့ဝန်တချို့စီးပွားလုပ်ငန်းရှင်နှင့်ကုန်သည်များရှိနေကြသည်။တစ်လတစ်ခါ ပုံမာန်ဆုံတွေ့နေကြ စကားဝိုင်းဖြစ်ပြီး နိုင်ငံရေးနှင့်စီးပွားရေးအကြောင်းကလွဲကိစ္စအားလုံးကိုဆွေးနွေးကြသည်။''ဒါကိုလူငယ်ဖြစ်တဲ့သူတွေနဲ့ကျုပ်တို့အတွေးနဲ့တူချင်မှတူမှာပါလေ''
ဆက်ထင်ခြေချိတ်ထိုင်၍ အကြမ်းရည်အား ခပ်ဖြည်းဖြည်းသောက်နေ၏။
''ဘယ်လိုထင်သလဲမောင်ဆက်ထင်''
ဆက်ထင် တချက်ပြုံးလိုက်ပြီးလက်ထဲက ရေနွေးခွက်အား စားပွဲခုံတန်းရှည်ပေါ်လိုက်၏။
''ကျုပ်ကတော့ငွေကိုဘုရားထပ်ပိုတန်ခိုးကြီးတယ်လို့တထစ်ချမှတ်ယူထားတယ်''
ဆက်ထင်ရဲ့စကားကြောင့်တအံ့တသြနှင့်စိတ်ဝင်စားကြသွားကြသည်။
''လောကမှာ ငွေနဲ့ဝယ်လို့မရတဲ့အရာတွေရှိကြောင်းပြောလာခဲ့ရင် ကျုပ်ကတော့ ဟားတိုက်ပြီးရယ်ပဲရယ်ချင်မိတယ် တကယ်တော့လောကီရေးရာမှာငွေနဲ့ဝယ်လို့မရတဲ့အရာဆိုတာမရှိဘူးလုံလောက်တဲ့ငွေကြေးပမာဏမရှိလို့ဝယ်မရနိုင်တာလို့ပဲကျုပ်ကမြင်မိတယ် ချစ်ခြင်းမေတ္တာလားစေတနာလားဂရုဏာလားအားလုံးဟာ တကယ်တမ်းငွေနဲ့နှိုင်းယှဥ်လိုက်ရင်မြင်နိုင်တဲ့အရာထပ် မမြင်နိုင်တဲ့အရာကမှေးမှိန်သွားလိမ့်မယ်''
ဆက်ထင်ပြောသည်ကိုအားလုံးကခေါင်းတငြိမ့်ငြိမ့်နှင့်လက်ခံကြသည့်ပုံစံပင်။လက်မခံစရာလဲမရှိ ငွေအကြောင်းကို ငွေရှာနေသည့်ဒီလိုအရာရှိတွေ စီးပွားရေးလုပ်သည့်သူကပိုအနားလည်ဆုံးမလား။
''ကျုပ်တော့ဒီအကြောင်းအရာကိုလက်ခံရဲ့ဘာကြောင့်ဆို ကျုပ်လိုရုပ်ဆိုးအကျည်းတန်တဲ့သူကချစ်ကြိုက်ကြောင်းပြောလိုက်တာနဲ့တစ်ခါထဲမင်္ဂလာဆောင်ရအောင်ပြောတဲ့ကျုပ်အိမ်ကမိန်းမကသက်သေပဲ''
YOU ARE READING
Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed
Romanceနေညိုသွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့် သူ့ဘဝကိုလက်လျော့လိုက်ပြီး သေကြောင်းကြံစည်ခဲ့တယ် သို့ပေမယ့် အချိန်ကူးပြောင်းပြီး ၂၀ ရာစုကခတ္တာဆိုတဲ့ ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်မွေးဖွ...