ဆက်ထင် မျက်စိရှေ့တွင်ရှိတွင်ရှိနေသည့်သေးသေးကွေးကွေးအရာလေးကိုသေချာကြည့်နေမိ၏။ထိုသေးသေးကွေးကွေးဟာဆက်ထင်အား ပေကလဲ့ပေကလဲ့မျက်လုံးများနှင့်မဝင့်မရဲခိုးခိုးကြည့်ပြီးပါးစပ်တွင်လဲ တတွတ်တွတ်နှင့်ဘာတွေရွတ်နေမှန်းမသိ။
ယောကျာ်းလေးတစ်ယောက်ဟာအဘယ်ကြောင့်များသည်လောက်ထိနုဖတ်၍မိန်းကလေးမျက်နှာ မိန်းကလေးတစ်ယောက်သဏ္ဍာန်ဖြစ်နေသည်ကိုစဥ်းစားမရပေ။မျက်ခွံပေါ်ထိဝဲကျနေသည့်အညိုရောင်ဘက်ပြေးနေသည့်ဆံပင်များ မျက်ဝန်းဝိုင်းဝိုင်းတို့ကိုကာရံထားသည့်မျက်တောင်ရှည်ရှည်တို့နှင့် စင်းနေသည့်နှာတံ နီဆွေးဆွေးနှုတ်ခမ်းထူထူ ဘယ်ယောကျာ်းသားကဒီလိုမျိုးအသွင်ရှိလို့လဲ သိပ်ကိုထူးဆန်းသည်ပဲ။
''နာမည်ဘယ်လိုခေါ်သလဲ''
''ခ..ခတ္တာပါခဗျ''
ဆက်ထင် ဆေးတံကိုမီးညှိ့၍ ဖွာရှိုက်လိုက်၏။ ထို့နောက်စားပွဲပေါ်ကကြွေပန်းကန်အဖြူပေါ်ဆေးတံကိုတင်လိုက်သည်။
''ပညာအရည်အချင်း''
ဆက်ထင်မေးလိုက်တော့အနှီကောင်လေးဟာဘေးမှာထိုင်နေသည့်ဘထွန်းအား အားကိုးတကြီး
လှမ်းကြည့်သည်။''ဇာတိမြို့မယ်အထက်တန်းပြီးသွားပါပြီသူဌေးကြီး''
ဘထွန်းကဝင်ဖြေလိုက်တာကြောင့်ဆက်ထင်အကြည့်တို့ဟာဘထွန်းထံရောက်သွားသည်။ဘထွန်းဟာဆက်ထင်အကြည့်တို့အားနားလည်သယောင် ခေါင်းငုံ့သွားသည်။ ဆက်ထင်စကားပြောလျှင်ဖြတ်ပြောသည်ကိုမကြိုက်သလို မေးနေရင်လဲမေးနေတဲ့သူဖြေမှသာကြိုက်၏။
''ကောလိပ်ဆက်တက်ချင်သလားမောင်ရင်''
ဆက်ထင်မေးလိုက်သည့်အခါ ထိုကလေးကခေါင်းငြိမ့်ပြ၏။ဆက်ထင် 'ကျစ်'ခနဲစုတ်သပ်လ်ုက်မိသည်။ ထို့နောက် ထိုကောင်လေးအားကြည့်လိုက်၏။
''ပါးစပ်ကမေးရင်ဖြင့်ပါးစပ်ကပြန်ဖြေတတ်ရတယ်''
''ကျွန်တော်တက်ချင်ပါတယ်ခဗျ''
''မောင်ရင်ဆန္ဒရှိရင်ဖြင့် ကျုပ်ကောလိပ်တက်ဖို့ပညာသင်စရိတ်ထောက်ပံ့ပေးမယ်''
YOU ARE READING
Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed
Romansaနေညိုသွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့် သူ့ဘဝကိုလက်လျော့လိုက်ပြီး သေကြောင်းကြံစည်ခဲ့တယ် သို့ပေမယ့် အချိန်ကူးပြောင်းပြီး ၂၀ ရာစုကခတ္တာဆိုတဲ့ ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်မွေးဖွ...