အပိုင်း ၂၀

21.2K 1.3K 14
                                    

ခတ္တာ ဒီနေ့အိမ်ပြန်နောက်ကျသည့်အတွက်ဘထွေးဆူတာခံရပြီးနောက် စိတ်ကပိုရှုပ်သတဲ့ရှုပ်လာ၏။ ရေမိုးချိုးပြီးနောက် အရီးစုံရဲ့ကျောက်ပြင်တွင် သနပ်ခါးကိုဒေါသထွက်ထွက်နှင့်သွေးလိုက်တာ အရီးစုံက ''ကျုပ်အပွေးတွေကုန်ပါပြီ''ဟုအော်သည်အထိပင်။

အရီးစုံအသံပြဲကြီးနှင့်အော်မှပဲခတ္တာ စိတ်နဲ့လူနဲ့ကပ်ပြီးရပ်လိုက်ရ၏။

''ယဥ်ယဥ် ဟဲ့ သနပ်ခါးများသွားလို့နည်းနည်းလာလိမ်းစမ်းဟာ''

ယဥ်ယဥ်အားခတ္တာခေါ်လိုက်သော်လည်းယဥ်ယဥ်ကခေါင်းခါပြီးသူ့ပါးကပါးကွက်ကြားကိုလက်ညိုးထိုးပြသည်။

''အေးမြလေး လာပါဦး''

''တော်တော် ကိုအတာ တော့်ဘာသာတော်လိမ်းချပလိုက်''

''ပြီးတာပဲဟာ... မလိမ်းနဲ့တစ်ယောက်မှ''

ခတ္တာ ထိပ်ဆံပင်တို့ကိုကြိုးချည်လိုက်ပြီးနောက်ဝါထိန်နေသည့်သနပ်ခါးအရည်ပျစ်ပျစ်တို့ကိုလက်ဖဝါးနှင့်ခပ်ကြမ်းကြမ်းယူလိုက်၍ မျက်နှာတစ်ပြင်လုံးနေရာလပ်မရှိအောင်ယူလိမ်းလိုက်သည်။ရှိသမျှအကုန်မျက်နှာ​ပေါ်တင်လိုက်ပြီးငယ်ငယ်ကသနပ်ခါးလိမ်းသလို လက်ငါးချောင်းရာများပေးလိုက်သည်။ ကျန်သည့်သနပ်ခါးတို့ကိုရေတောက်၍ လက်တွေလိမ်းချလိုက်သည်။

''လှနေရောကိုအတာ''

''ဟုတ်ပါ့အေ ဖွေးနေရော ဟားဟား''

''ပိတ်ထားနင်တို့ ဆူခံရလို့စိတ်မကြည်ရတဲ့ထဲ''

ကျောက်ပျဥ်ကိုခပ်ဆောင့်ဆောင့်နှင့်ထောင်လိုက်ပြီးနောက် ခတ္တာယဥ်ယဥ်နှင့်အေးမြတို့နှင့်ခပ်ဝေးဝေးသို့လျှောက်လာလိုက်ပြီး ခြံထဲတွက်အမှိုက်တွေမီးရှို့​နေသည့် ကျော်ကျော့်နားထွက်လာလိုက်သည်။

''ဟားဟား ဘရာသားမျက်နှာက...''

ကျော်ကျော်က ခတ္တာကိုကြည့်ရင်းရယ်လေသည်။ခတ္တာကအိမ်စစရောက်ချင်းကျော်ကျော့်အား ဘရားသားလို့ယောင်ယောင်ပြီးခေါ်မိလို့ ကျော်ကျော်က ဘရားသားရဲ့အဓိပ္ပါယ်ကိုမေးသောအခါ ခတ္တာက ''brother''ဆိုတာဘိလပ်စကားဖြစ်ပြီး ''ညီအစ်ကို''လို့အဓိပ္ပါယ်ရတယ်လို့ပြောထားသောကြောင့်အဲ့ကတည်းက ဘိလပ်စကားတတ်ပြီဆိုပြီး ခတ္တာကို သူများတွေခေါ်သလို အတာတို့ ကိုအတာတို့မခေါ်ပဲ ''ဘရာသား'' ''ဘရာသား''နှင့်နှုတ်ကျိုးနေပုံရသည်။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now