အပိုင်း ၄၂

20K 1.2K 76
                                    

''လူတွေအားလုံး အချိန်တိုင်းအသပြာနောက်လိုက်နေတဲ့အချိန် ကျုပ်ကအိမ်မယ်အေးဆေးနေရမလား ပြောပါဦး''

ဆက်ထင်ရယ်ကျဲကျဲနှင့်ပြောလိုက်ပါသော်လည်းဘေးနားကလူဟာ လန့်သွားသည့်ဟန်ခေါင်းငုံ့သွားသည်မလို့ ခေါင်းခါရမ်းမိသည်။ဘာလို့များ လူတွေကအသားလွတ်ကိုကြောက်နေရပါသလဲ။

စက်ရုံဝင်ပေါက်မှ အမှိုက်တစက်မျှပင် မရှိသောသန့်ရှင်းသပ်ရပ်မှုကစ၍ ဆက်ထင်အမှတ်ပေးမိသည်။ကိုယ်တိုင်လုပ်ငန်းအားလုံးကို နေ့တိုင်းမလာနိုင်သော်လည်း လက်အောက်ကလူတွေအားဆက်ထင်ပုံစံအတိုင်းဖြစ်အောင်လုပ်ယူထားရသည်မလို့ ဒီလောက်တော့ဖြစ်သင့်သည်။

လုပ်ငန်းတွင်ပဲဖြစ်ပါစေ နေထိုင်ရာအိမ်တွင်ပဲဖြစ်ပါစေ ထိုလုပ်ငန်းရဲ့အဆင့်အတန်း ထိုအိမ်ရဲ့အဆင့်တန်းအား ဖိနပ်ချွတ်နေရာ ဝင်ပေါက်နေရာကိုကြည့်ခြင်းဖြင့်သိနိုင်သည်။ငွေဂုဏ်အာဏာ ချမ်းသာခြင်းဆင်းရဲခြင်းနှင့် အရေပြားတစ်ထောက်စာကိုကြည့်ပြီး အဆင့်အတန်းကိုတိုင်းတာလျှင် အမှားကြီးမှားမည်။ လူတစ်ယောက်ရဲ့အဆင့်အတန်းဟာ နှုတ် အမူအရာ ကိုယ်ကျင့်တရား အသိဉာဏ် စတဲ့အရာတွေအပေါ်မူတည်ပြီး ငွေကြေးရှိပါသော်လည်း နှုတ်စည်းမရှိ လူစည်းမရှိ စည်းပျက်ကမ်းပျက်နှင့်သူသည် ကံကောင်းထောက်မ၍သာ ချမ်းသာဘုံတွင်စံစားနေရပါသော်လည်း ထိုလူရဲ့ဘဝဟာရေလိုက်ငါးလိုက်အခွံသာသာဖြစ်သည်။

ဆက်ထင် လက်မှုပညာလုပ်ငန်းတစ်ခုဖြစ်တဲ့ အိမ်တွင်းရက်ကန်းလုပ်ငန်းသေးသေးလေးအားဒီလအတွင်းဝယ်ယူလိုက်ပြီး လုပ်ငန်းအကြီးအဖြစ်ချဲ့လိုက်၏ ရက်ကန်းစင်တော်တော်များများကိုမှာယူ၍ အလုပ်သမားအယောက်၂၀ ၃၀ ထပ်ထည့်ကာ ရက်ကန်းစက်ရုံအကြီးအဖြစ်ပြောင်းလဲလိုက်သည်။

ဦးစီးမှုကိုတော့ ယခင် လုပ်ငန်းပိုင်ရှင်များအား ဦးစီးခိုင်းစေပြီး စည်းကမ်းချက်များကိုတော့ ကိုယ်တိုင်ထုတ်ပေးထားရသည်။ယောက်ျားစာမတတ်လျှင်အကန်း၊ မိန်းမရက်ကန်းမတတ်လျှင်အကျိုး ဆိုသည့်အတိုင်း ရက်ကန်းရက်သူများဟာအမျိုးသမီးများသာဖြစ်သည့်အတွက်လုပ်ငန်းအတွင်းချို့ယွင်းချက်လွဲမှားမှုတော့ ဖြစ်ခဲသည်။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now