- intro -

7.9K 201 9
                                    

Unicode

" ရောက်ပါပြီ သခင်လေး "

" အင်း "

အနက်ရောင်အဆင်းရှိတဲ့ ကားတံခါးကို ဖွင့်ပေးလိုက်တဲ့ နောက်မှာတော့ ပြင်းထန်တဲ့ အရှိန်အဝါနဲ့အတူ ထွက်ပေါ်လာသည့် စောသင်္ခနွယ် ။ အနောက်တိုင်းဝတ်စုံအပြည့်ဖြင့်ရောက်ရှိလာသည့် စောရဲ့ မျက်နှာဟာ တည်ကြည်နေသည်။ စူးရှလှသည့် အကြည့်များကြောင့် မည်သူမျှ မော်မကြည့်ရဲကြ။

ဈာပနအခမ်းအနားထဲကို စော ရောက်လာသည်နှင့်တစ်ပြိုင်နက် ပြန့်ကျဲနေတဲ့ လူစုလူဝေးတွေဟာ ရှဲခနဲ ဖယ်ပေးကြသည်။ သူဟာ အဲ့သည်လောက်ထိ ဩဇာညောင်းသည့် သခင်လေးတစ်ဦး။ M group ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူပေါ့။

စောရဲ့ ရှေ့က ဘိုးဘိုးရဲ့ ဓာတ်ပုံကို ဂါရဝပြုလိုက်သည်။ စိတ်ထဲတွင် ဝမ်းနည်းခြင်းဆိုသည်ထက် လစ်ဟာခြင်းသာရှိနေသည်။
စောသင်္ခနွယ် ဆိုတဲ့သူဟာ ခံစားချက်တွေကို ကောင်းစွာမခံစားတတ်ပါ။ ဝမ်းနည်းလို့ ငိုရကောင်းမှန်းတောင် မသိသည့် သူတစ်ဦး။ အပြုံးအရယ်နည်းပြီး ကျောက်ရုပ်လိုလူသားလို့ နာမည်ကြီးသည်။။ ဒါကိုလည်း ဘိုးဘိုးပဲ ဖန်တီးခဲ့သည် မဟုတ်လား။ ခနဲ့ပြုံးတစ်ချက်ပြုံးရင်း လှည့်ထွက်ဖို့ပြင်လိုက်သည်။

" သခင်လေး ဒါက ဥက္ကဌကြီးရဲ့ သေတမ်းစာပါ "

‌မိသားစုရှေ့နေဖြစ်သူမှ ပေးလာသည့် သေတမ်းစာကို လှမ်းယူလိုက်သည်။
စာထဲမှာ ရေးထားတာကတော့

' ‌စော အိမ်ထောင်ပြုမှသာ အမွေတွေအားလုံးကို ပေးမည်ဖြစ်ပြီး စောနဲ့ လက်ထပ်ရမဲ့သူဟာ ဘိုးဘိုးစီစဉ်ထားသည့် မိန်းကလေးတစ်ဦး ဖြစ်သည်ဆိုတာပါပဲ '

သင်္ခ ကျစ်တစ်ချက် စုပ်သပ်လိုက်ကာ စာရွက်ကို ရှေ့နေလက်ထဲ ပြန်ထိုးထည့်ပေးလိုက်သည်။

" လေယာဉ် စီစဉ်လိုက် မြန်မာနိုင်ငံကို အခုပြန်မယ် "

ထိုသို့ တစ်ခွန်းတည်းပြောပြီးသည့်နောက် ဈာပနပွဲကို ကျောခိုင်းကာ ထွက်လာခဲ့သည်။
ဘိုးဘိုးက နောက်ဆုံးအချိန်ထိ စောကို ချုပ်ကိုင်နေတုန်းပဲ။

Coming soon 🔜

နေကြာတို့ ပြီးဆုံးရင် နောက်ထပ်လာမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ married life ဘက်ကို သွားထားပါတယ်။ စိတ်ဝင်စားရင် စောင့်မျှော်ဖတ်ရှု ပေးကြပါဦးလို့ 💕

Zawgyi

" ေရာက္ပါၿပီ သခင္ေလး "

" အင္း "

အနက္ေရာင္အဆင္း႐ွိတဲ့ ကားတံခါးကို ဖြင့္ေပးလိုက္တဲ့ ေနာက္မွာေတာ့ ျပင္းထန္တဲ့ အ႐ွိန္အဝါနဲ႔အတူ ထြက္ေပၚလာသည့္ ေစာသခၤႏြယ္ ။ အေနာက္တိုင္းဝတ္စုံအျပည့္ျဖင့္ေရာက္႐ွိလာသည့္ ေစာရဲ႕ မ်က္ႏွာဟာ တည္ၾကည္ေနသည္။ စူး႐ွလွသည့္ အၾကည့္မ်ားေၾကာင့္ မည္သူမွ် ေမာ္မၾကည့္ရဲၾက။

ဈာပနအခမ္းအနားထဲကို ေစာ ေရာက္လာသည္ႏွင့္တစ္ၿပိဳင္နက္ ျပန္႔က်ဲေနတဲ့ လူစုလူေဝးေတြဟာ ႐ွဲခနဲ ဖယ္ေပးၾကသည္။ သူဟာ အဲ့သည္ေလာက္ထိ ဩဇာေညာင္းသည့္ သခင္ေလးတစ္ဦး။ M group ရဲ႕ တစ္ဦးတည္းေသာ အေမြဆက္ခံသူေပါ့။

ေစာရဲ႕ ေ႐ွ႕က ဘိုးဘိုးရဲ႕ ဓာတ္ပုံကို ဂါရဝျပဳလိုက္သည္။ စိတ္ထဲတြင္ ဝမ္းနည္းျခင္းဆိုသည္ထက္ လစ္ဟာျခင္းသာ႐ွိေနသည္။
ေစာသခၤႏြယ္ ဆိုတဲ့သူဟာ ခံစားခ်က္ေတြကို ေကာင္းစြာမခံစားတတ္ပါ။ ဝမ္းနည္းလို႔ ငိုရေကာင္းမွန္းေတာင္ မသိသည့္ သူတစ္ဦး။ အျပဳံးအရယ္နည္းၿပီး ေက်ာက္႐ုပ္လိုလူသားလို႔ နာမည္ႀကီးသည္။။ ဒါကိုလည္း ဘိုးဘိုးပဲ ဖန္တီးခဲ့သည္ မဟုတ္လား။ ခနဲ႔ျပဳံးတစ္ခ်က္ျပဳံးရင္း လွည့္ထြက္ဖို႔ျပင္လိုက္သည္။

" သခင္ေလး ဒါက ဥကၠဌႀကီးရဲ႕ ေသတမ္းစာပါ "

‌မိသားစုေ႐ွ႕ေနျဖစ္သူမွ ေပးလာသည့္ ေသတမ္းစာကို လွမ္းယူလိုက္သည္။
စာထဲမွာ ေရးထားတာကေတာ့

' ‌ေစာ အိမ္ေထာင္ျပဳမွသာ အေမြေတြအားလုံးကို ေပးမည္ျဖစ္ၿပီး ေစာနဲ႔ လက္ထပ္ရမဲ့သူဟာ ဘိုးဘိုးစီစဥ္ထားသည့္ မိန္းကေလးတစ္ဦး ျဖစ္သည္ဆိုတာပါပဲ '

သခၤ က်စ္တစ္ခ်က္ စုပ္သပ္လိုက္ကာ စာ႐ြက္ကို ေ႐ွ႕ေနလက္ထဲ ျပန္ထိုးထည့္ေပးလိုက္သည္။

" ေလယာဥ္ စီစဥ္လိုက္ ျမန္မာႏိုင္ငံကို အခုျပန္မယ္ "

ထိုသို႔ တစ္ခြန္းတည္းေျပာၿပီးသည့္ေနာက္ ဈာပနပြဲကို ေက်ာခိုင္းကာ ထြက္လာခဲ့သည္။ ဘိုးဘိုးက ေနာက္ဆုံးအခ်ိန္ထိ ေစာကို ခ်ဳပ္ကိုင္ေနတုန္းပဲ။

Coming soon 🔜

ေနၾကာတို႔ ၿပီးဆုံးရင္ ေနာက္ထပ္လာမဲ့ ဇာတ္လမ္းေလးတစ္ပုဒ္ပါ။ married life ဘက္ကို သြားထားပါတယ္။ စိတ္ဝင္စားရင္ ေစာင့္ေမွ်ာ္ဖတ္႐ႈ ေပးၾကပါဦးလို႔ 💕

I Got Married With A Girl!!Where stories live. Discover now