Unicode
" ဘယ်ကိုသွားနေတာလဲ မေဘယ်လ်လေး "
မြို့အစွန်ဘက်က ထင်းရှူးတန်းလေးများဆီသို့ ဦးတည်နေသည့် မေဘယ်လ်အား မေးလိုက်မိသည်။ ဒီဘက်က ဘာများရှိလို့ နှောင်းကို ခေါ်လာသလဲဆိုတာ မသိပါ။ ဒီနယ်မြေဟာ နှောင်း ရင်းနှီးကျွမ်းဝင်တဲ့ နေရာလည်း မဟုတ်ပါလေ။
" မေမေ့ဆီကိုပါ "
မေဘယ်လ်ရဲ့ နှုတ်ခမ်းထက် ပြုံးရိပ်သေးသေးလေး ပေါ်ထွန်းသွားပမယ့် ထိုပြုံးရိပ်ကလေးဟာ ဝမ်းနည်းခြင်းကိုပါ တစ်ပါတည်း ယူဆောင်ပေးနေသည်ဆိုတာကို နှောင်း အတပ်သိပါသည်။ ထင်းရှူးတောလေးထဲသို့ ဝင်သွားပြီးနောက်တော့ အနည်းငယ်ဆက်သွားပြီးတဲ့အခါ ကားလေးကို ရပ်လိုက်သည်မလို့ ရောက်ပြီဆိုတာကို သိလိုက်ရသည်။ မေဘယ်လ်က ကားပေါ်ကနေ ပြေးဆင်းသွားပြီး နှောင်းအား တံခါးလာဖွင့်ပေးသည်မလို သဘောတကျ ပြုံးပြလိုက်ရင်း ကားပေါ်မှ ဆင်းလိုက်သည်။
" ဒီကနေ နည်းနည်းလမ်းလျှောက်လိုက်ရင် မေမေ့ဆီရောက်ပြီ ဟန်နီ "
နှောင်းလက်ကိုတွဲကာ လမ်းလျှောက်နေသည့် မေဘယ်လ်ရဲ့ ခြေလှမ်းတွေဟာ ပုံမှန်ထပ် လေးလံနေသလို ခံစားမိသည်။ မေဘယ်လ်လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း ထင်းရှူးပင်တွေကြား လမ်းလျှောက်နေရသည့် ခံစားချက်ဟာ သိပ်ကိုကောင်းပေမယ့် အနည်းငယ်လည်း ဝမ်းနည်းမိသလို ခံစားရသည်။ ကောင်းကင်ဟာ ကြည်လင်နေကာ လေနုအေးများလည်း ဖြည်းညှင်းစွာ တိုက်ခတ်နေပြန်သည်။
" ဒီနေရာလေးက မေမေ သဘောအကျဆုံး နေရာလေးလေ။ အဲ့တာကြောင့် ဘိုးဘိုးက မေမေရဲ့ ၁၈ပြည့်မွေးနေ့တုန်းက လက်ဆောင် ဝယ်ပေးခဲ့တာတဲ့။ မေမေဆုံးသွားတော့လည်း ဘိုးဘိုးက သူသဘောကျတဲ့ နေရာလေးမှာပဲ မေမေ့ကို အနားယူခိုင်းခဲ့တာ "
" ဘိုးဘိုးက မေဘယ်လ်ရဲ့ မေမေကို သိပ်ချစ်ပုံပဲနော် "
နှောင်းရဲ့ အပြောကြောင့် မေဘယ်လ်က ပြုံးသည်။ ထိုအပြုံးဟာ ဝမ်းနည်းသယောင်လည်း ထင်ရပြီး နူးညံ့သယောင်လည်း ထင်ရသည်။
" မေမေက တစ်ဦးတည်းသော သမီးလေ။ အဲ့တာကြောင့် ဘိုးဘိုးက သိပ်ချစ်တာ။ ဒယ်ဒီ့ကိုကျ သိပ်သဘောမကျတော့ အစဉ်လာအရ ဆက်ခံခွင့်ကိုတောင် မပေးဘူးလေ။ ကျွန်တော်တို့ မွေးတုန်းက ဘိုးဘိုးက သိပ်ပျော်ခဲ့တာတဲ့။ သားတစ်ယောက် သမီးတစ်ယောက်ဆိုတော့ သူ့နေရာကို အစ်ကိုက သေချာပေါက်ဆက်ခံရမယ်ဆိုပြီး လုပ်ခဲ့တာ။ အဲ့မတော်တဆမှု မဖြစ်ခင်အထိပဲ။
![](https://img.wattpad.com/cover/368627629-288-k189057.jpg)
KAMU SEDANG MEMBACA
I Got Married With A Girl!!
Romansaမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....