For Unicode
အိပ်မလို့ပြင်တုန်း တင် ခနဲ ၀င်လာတဲ့ မက်ဆင်ဂျာ က မက်ဆေ့ ကြောင့် ဖုန်းကို စစ်ကြည့်လိုက်တော့ ကျောင်းက ကောင်မလေး တစ်ယောက် ဖြစ်နေတယ်။
*ရွှေသားငယ် နင်နဲ့ ရဝေရှင်းယံက သူငယ်ချင်းတွေမို့လား *
* အင်းလေ *
* ငါဖရန့် အပ်ထားတာ လက်မခံသေးလို့ လက်ခံပေးဖို့ ပြောပေးပါဦး မုန့်၀ယ်ကျွေးမယ်*
* အေး ပြောလိုက်မယ် *
ရဝေရှင်းယံ သူငယ်ချင်း ဖြစ်ရတာ ဒီတစ်ခုတော့ အလုပ်ရှုပ်တယ်။ ဒါတောင် ရှင်းယံက social media သုံးရတာ သိပ်မကြိုက်၍ ပုံမှန်တောင် postတင် တာမဟုတ်။
သို့ပေမယ့် သူတို့နည်းပညာတက္ကသိုလ်ရဲ့ ဖရက်ရှာ welcome မှာ ပါလာတဲ့ ပုံ တစ်ပုံကြောင့် လိုင်းပေါ် နာမည်ကြီးသွားပြီး နဂိုတကည်းက ကျောင်းမှာလဲ ချောမောမှုကြောင့် နာမည်ရပြီးသားဖြစ်လေတော့ ပိုသတင်းမွှေးသွားတာပင်။
သို့သော် ဒီကောင့် wall မှာက လူပုံထက် ကြောင်ပုံ တွေ သာ အတင်များတယ်။
ဒါတောင် ထိုကြောင်ပုံတွေရဲ့ လိုက်ခ် က အူစီလုံး ရဖူးတာထက်ပင် များနေသေး၏။" အမလေး ချောတဲ့ သူများကျတော့ "
ခပ်တိုးတိုး ရေရွတ်လိုက်ပြီး အူစီလုံး စောင်ကို ရင်ဘတ်ပေါ်တင်ကာ အိပ်မောကျဖို့ ပြင်လိုက်တော့တယ်။
.
.
." သူပဲ မြနှင်းမေမောင် နာမည်နဲ့ "
နေကြာခင်းထဲမှာ ရိုက်ထားဟန်ရှိတဲ့ ပရိုဖိုင် နဲ့ ကောင်မလေးတစ်ယောက်ပုံကိုကြည့်ကာ ရှင်းယံစိတ်ထဲ နောက်ကျိ သွားရတယ်။
မသိတတ်တဲ့ အူစီလုံး အောင်သွယ်ဇာတ်လမ်းစလာတိုင်း ရင်မှာပူလောင်ပြီး အလိုမကျရတာကတော့ ပုံမှန်ပဲဖြစ်၏။
" ခနခန လက်မခံခိုင်းနဲ့တော့။ ငါ့accမှာ မသိတဲ့ သူတွေ အများကြီး မထားချင်ဘူး "
" အော် accထဲပဲ ထားရတာလေးများကွာ။ မင်းအိမ်ပေါ် တင် ထားရတာမှ မဟုတ်ပဲနဲ့ "
အပြာရောင်ဆိုးဆေးနဲ့ရေခဲချောင်းကို စားရင်း အအေးဒဏ်ကြောင့် ထူးအမ်းနီရဲ နေတဲ့ အူစီလုံး ရဲ့ နှုတ်ခမ်းငုံတာရဲဟာ ရှင်းယံရဲ့ လည်ဇလုပ်ကို အထက်အောက် လှုပ်ရှားသွားစေနိုင်တယ်။
