7

1.8K 232 2
                                    

For Unicode

" ငါဆိုင်ကယ်နဲ့ တတ်ချင်လို့လေကွာ "

အမေတို့တောင် သဘောတူတဲ့ ကိစ္စကို လာဖောက်နေသည့် ရှင်းယံကြောင့် အူစီလုံးရဲ့ မျက်နှာက စူပုတ်နေသည်။

အလားတူ ရှင်းယံမျက်နှာကလည်း တစ်စက်ကလေးမှ လျှော့ပေးမည့်ပုံမမြင်ပဲ တင်းမာလျှက် ရှိ၏။

" ငါနဲ့ သွားလို့ ရနေတာပဲ ကို မင်းက ဘာထဖြစ်တာလဲ "

အူစီလုံးက သက်ပြင်းချကာ လက်ပိုက်လျှက် ရှင်းယံကို ဘုကြည့်ကြည့်၏။
ပုံစံကြည့်ရတာ ဘာပြောရမလဲဆိုတာကို စိတ်ထဲကနေ စာစီနေဟန်...

" ရှင်းယံ ငါတို့ကသူငယ်ချင်းတွေဆိုပေမယ့် အမြဲတမ်းကြီး အတူတူ ရှိနေဖို့ မလိုဘူးလေ"

" မင်းဘာပြောတာလဲ အူစီလုံး "

" မဟုတ်ဘူးကွာ.. ငါတို့က အရာအားလုံးမှာ တူညီမနေနိုင်ဘူး။ ငါက တစ်ချို့အချိန်တွေမှာ ငါသွားချင်တဲ့ နေရာတွေ ငါလုပ်ချင်တာလေးတွေ ရှိတယ်လေ။ သေချာပေါက် မင်းလဲ ရှိမှာပဲ။   "

" မင်းသွားချင်တဲ့ နေရာ ကို ပြောရင် ငါလိုက်ပို့မှာပဲ အူလုံး..."

" ငါက ငါ့စိတ်နဲ့ ငါ့ကိုယ်ပဲ နေချင်တယ် ရှင်းယံ...ငါကလေးလဲ မဟုတ်တော့ဘူး "

ကလေးလဲ မဟုတ်တော့ဘူး...။

ဟုတ်တယ် အူစီလုံးဆိုတဲ့ ဒီသူငယ်ချင်းက အရွယ်မတိုင်ခင်ကတည်းက ပုန်ကန်ချင်တဲ့ ဗီဇအပြည့်နဲ့ ကောင်လေးဆိုတာ သူမေ့သွားတယ်။

လိုက်မမှီနိုင်တဲ့ မိတ်ဆွေတွေ အဖော်အပေါင်းတွေ ကြားမှာ သူဟာ အူစီလုံးရဲ့ ငယ်သူငယ်ချင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ရှိတယ်။ ထို့ထက်လဲ မလျော့သလို ပိုလည်းမပို....။

ရှင်းယံ ရဲ့ ပူနွေးတဲ့ဒေါသတွေက အေးစက်မာကြော သွားတယ်။
သူ့‌ခေါင်းထဲမှာ အကြာကြီးမေ့ထားတဲ့ခဲ့ အမှန်တရားတစ်ချို့က တံခါးလာခေါက်တဲ့ အခါ စိတ်အမှောင်ခြမ်းက မကောင်းဆိုးဝါးရဲ့ ပျင်းရိရိ နိုးထသံကို ကြားလိုက်ရသလိုပဲ...

" ရှင်းယံ...ငါပြောတာ သဘောပေါက်တယ်မို့လား။ စိတ်ပဲဆိုးနေမနေနဲ့ "

အူစီလုံးWhere stories live. Discover now