8

1.8K 218 10
                                    

For Unicode

မေမေအမြဲပြောခဲ့သလို သူတို့တွေက ငယ်ငယ်ကလို တော့ အချိန်ပြည့်တူတူ ရှိနေနိုင်မှာ မဟုတ်ဘူး ဆိုတဲ့ စကားက တကယ်မှန်လာခဲ့ပါတယ်။

အူစီလုံးတစ်ယောက်က ဆိုင်ကယ်ရပြီးတဲ့ နောက်မှာမှ မျောက်ကို အတောင်ပံ တပ် ပေး တာထက်ကိုပင် ဆိုးကာ လက်လက်ထ နေပြီး ဘယ်ရောက်ဘယ်ပေါက်မှန်းမသိ။

သို့သော် သူ့ဆီကိုတော့ ထိုသို့ သမ္မတ ထက်ပင်အလုပ်ရှုပ်နေသည့် ကြားမှ လာ လာ တွေ့ ပေးနေလို့ တော်သေးသည်‌ပဲ ပြောရမလား မသိတော့ပါ။
ရှင်းယံလဲ ဒီအတိုင်း လွှတ်မထားနိုင်တာမို့ အကြောင်းပြချက်တစ်ခုမဟုတ်တစ်ခုပြကာ အနားကို ခေါ်ထားတတ်တာကြောင့်လဲ တော့ပါမည် ထင်၏။

" ကို ရဝေရှင်းယံ "

အိမ်ပြန်ဖို့ ကားဆီ သွားနေဆဲမှာပင် အနားသို့ ကောင်လေးတစ်ယောက်ပြေးလာကာ ခေါ်တာမို့ ရှင်းယံ ခြေလှမ်းတို့ကို ရပ်ကာ ကြည့်လိုက်သည်။

" ပြန် တော့ မလို့လားဗျ "

" အင်း "

" ကျွန်တော့်ကို မှတ်မိလား ဟင် "

ရှင်းယံ သူ့ရှေ့က ကောင်လေးကို ကြည့်လိုက်ပေမယ့် ခေါင်းထဲမှာ မှတ်မိမနေ။ သူ၏ထိုအကြည့်ကို ရှေ့က ကောင်လေးကလဲ နားလည်ဟန်ဖြင့် ရှက်ဝဲဝဲရယ်ရင်း

" ထင်သားပဲ။ ကျွန်တော့်နာမည် မြတ်လင်းသူ ပါ...welcomeမှာ မိတ်ဆက်ဖူး တယ် "

မျက်နှာရွှင်တာပဲလားမသိ ထိုစကားတွေကို ပြော‌နေစဉ်မှာပင် ထိုကောင်လေး၏ မျက်နှာက ပါးချိုင့်ရေးရေးက ထင်နေသည်။

" အင်း အခုက ကျွန်တော်နဲ့ ဘာကိစ္စရှိလို့လဲ ညီလေး "

မရင်းနှီးသည့် သူတွေနဲ့ စကားကြာရှည်ပြောရတာမကြိုက်တဲ့ ရှင်းယံက စကားဖြတ်တော့ ထိုကောင်လေး၏ မျက်လုံးများ ဝိုင်းတတ်သွားကာ ခနချင်းမှာပင် ပြန်၍ရယ်ပြလာသည်။

" ကားပျက်သွားလို့ အစ်ကို။ ဒီနားက မှတ်တိုင်ထိပဲ လမ်းကြုံလေး လိုက်ခဲ့လို့ ရမလား"

ထင်မထားသော အပြောကြောင့် ရှင်းယံ အတော်လေး အကြံအိုက်သွားတယ်။
သူစိမ်းတစ်ယောက်ကို ကားပေါ်ပေးမစီးချင်သလို  အူစီလုံး ‌နေရာလေးလို့ သတ်မှတ်ထားသည့် ‌ဘေးခုံကို လဲ မထိုင်စေချင်။

အူစီလုံးWhere stories live. Discover now