13

1.9K 272 17
                                    

For Unicode

ဆုပေးတာနဲ့ ဖျော်ဖြေရေးအစီအစဉ်က တစ်လှည့်ခြင်း လုပ်နေတာ ဆိုတော့ သိပ်မပျင်းရသော်လည်း
ဖျော်ဖြေရေးအစီအစဉ်မှာ ကျောက်ချသလို နေရာယူထားတဲ့ သူတို့သူငယ်ချင်း တင့်လွင် ကြောင့် အူစီလုံး တို့ ကိုယ်တိုင်ပင် မနောပျက်ချင်လာတယ်။

" ညီမလေးတွေအားပေးမလို့ပါဆို တင့်လွင် one man show ဖြစ်နေတယ်"

မကျေမလည်ဆိုလာတဲ့ တရုတ်ကြီးရဲ့ အပြောကို သဘောကျသွားတဲ့ အူစီလုံး က ရယ်ကြောမိသွားကာ မျက်ရည်များပင်ထွက်လာသည်။

ဆုပေးသည့်အစီအစဉ်အပြီး ခုံတစ်လုံးနဲ့ မိုက်ခ်ကို နေရာလာပြင်နေကြပြန်၍ တင့်လွင်လာမည်လို့ပဲ ထင်ကာ မကြည်ဖြူတော့ပါသော်လည်း သူငယ်ချင်းမို့ ပုံ ရိုက်ပေးရန် အသင့်ပြင်ရပြန်တော့၏။
ခါတိုင်းလို ဘယ်သူ ဘာဆိုပါမည်လဲ မအော်တော့၍ Announcerတွေပင် စိတ်ကုန်သွားပြီလားလို့ အူတူတူ တွေးလိုက်မိသေးသော်လည်း စင် ပေါ် တတ်လာသည့် လူကြောင့် သူတင်မဟုတ် အကုန်လုံး စပရိုက် တွေ ဖြစ်ကုန်ပြီး အားပေးသံတွေ ညံစီ အောင် လျှံထွက်လာတော့၏။

ရှင်းယံ.....

အနက်ရောင်ရှပ်နဲ့ ဂျင်းပန် အနက်ကြောင့် နဂိုက နှင်းလိုဖြူတဲ့ အသားက ထင်းနေကာ မီးရောင် များကြောင့် အညို‌ဖျော့ဖျော့ဆံပင်တွေဟာလည်း ရွှေအိုရောင်ရိပ်ယှက်သမ်းလျှက် ရှိတယ်။

ဂစ်တာကို ကိုင်တဲ့ လက်ဖြူဖြူတွေမှာ အကြောစိမ်းတို့ ထင်းနေကာ  ခပ်ရေးရေး ပြုံးနေသော အပြုံးဟာ လူတိုင်းကို ငေးမောသွားစေနိုင်တယ်။

အရင်က ရှင်းယံ တီးခတ်တဲ့ ဂစ်တာသံကို နားထောင်ရတာ သူတစ်‌ယောက်သာ ရှိခဲ့တာ။
လူအေး ဖြစ်သော်လည်း ခေါင်းမာတဲ့ ရဝေရှင်းယံ ဟာ ကျောင်းနှုတ်ဆက်ပွဲ နေ့တွေမှာတောင် အကုန်လုံးကို ဆန့်ကျင်ပြီး တီးပြခဲ့သူမဟုတ်။

ရှင်းယံ ပြောင်းလဲ လာပြီဆိုတာ သိပေမယ့် ဒီလောက်ထိ ပြောင်းလဲ သွားတာကတော့ ထင်မှတ်မထားလောက်အောင်ပဲမို့ အူစီလုံးကို အံ့ဩဆွံ့အနေစေတာ ဖြစ်တယ်။
ရင်းနှီးနေတဲ့ သံစဉ် တစ်ခုကို ကြားပြီးနောက်မှာတော့ အူစီလုံးရဲ့ နှုတ်ခမ်းလေးတွေ ခပ်ဟဟ ပွင့် သွားသည်။ ဒီသီချင်းက...

အူစီလုံးWhere stories live. Discover now