11

1.8K 262 11
                                    

For Unicode

သူငယ်ချင်းကိုဖွင့်ပြောမိသူတို့ရဲ့ သွားရာလမ်းက ဘယ်နေရာလဲ‌တော့ မသိပေမယ့် ဖွင့်ပြောရုံတင်မက အနမ်းပါ နယ်ကျွံလိုက်တဲ့ ရဝေရှင်းယံ  ဆိုတဲ့ သူ့ဘ၀ကတော့ ငရဲမှာ နိဂုံး ချုပ်သွားခဲ့ပြီ ဖြစ်တယ်။

အူစီလုံးက သူ့ကို အတွေ့မခံ...
ကျောင်းဆင်းချိန် သွားစောင့်လဲ ဘယ်ချိန်က လစ်ထွက်သွားမှန်းမသိအောင် ဖမ်း လို့ မမိ။

အိမ်ကို မျက်နှာလေးတွေ့ရအောင် ကူးသွားတော့လည်း အမြဲမရှိနေ။ ဆိုင်ကယ်သံကြားလို့  ထကြည့်လိုက်ရင် အမြဲ ညနက်မှ ကုပ်ချောင်းချောင်းနဲ့ ပြန်လာလို့ အန်တီသူဇာရဲ့ အော်သံတွေကိုပါ နားယဉ်နေပြီ ဖြစ်တယ်။

* ငါ့ကို မရှောင်နဲ့ အူလုံး စကားပြောရအောင် ထွက်ခဲ့  ငါ မင်းတို့အိမ်ရှေ့မှာ စောင့်နေမယ်*

အခုထိ unfriend မလုပ်သေးတာပဲ ကံကောင်းသည်ပြောရမည်။ ဖုန်းလဲ မကိုင် မက်ဆေ့လဲ မကြည့်သည့် ထိုငနဲသားလေးအား messenger ကနေ စာပို့လိုက်ပြီး သက်ပြင်းချကာ တစ်ဖက်က မီးလင်းနေတဲ့ အခန်းလေးကို ကြည့်လိုက်တယ်။

* မထွက်ခဲ့ရင် ငါလာခဲ့တော့မှာနော် အူလုံး *

ခြိမ်းခြောက်စာထပ်ပို့လိုက်တော့မှ စာကို ၀င်ဖတ်သွားကာ typing ရိုက်နေပြီး စာကပို့မလာ။ တော်တော်လေးကြာမှ

*   ထွက်ခဲ့မယ် *

ဆိုတဲ့ စာလေး ရောက်လာသည်။ ရှင်းယံ ထင်မထားတာကြောင့် ရင်ထဲ လှိုက်ဖိုသွားကာ အမြန်ပဲ အခန်းထဲက နေပြေးထွက်ခဲ့လိုက်တယ်။

အူစီလုံးတို့ အိမ်ရှေ့ မှာ စောင့်နေရတဲ့ မိနစ်တွေနဲ့ စက္ကန့်ရွေ့လျားသံတို့ကိုက အဆုံးအဖြတ်အမိန့်တစ်ခုကို မျှော် နေရသလို ခံစားရစေတယ်။

ခနအကြာ ခြံတံခါးတွန်းဖွင့်သံ တအီအီ နဲ့ အတူ အတော်ကြာ အဝေးကပဲ မြင်ခဲ့ရတဲ့ လမင်းလေးက မြင်းခေါင်းစွပ်ကျယ်ကို၀တ်ပြီး ထွက်ပေါ်လာတယ်။

ပုခုံးနားမှာလဲ လက်ကိုထုံးထားကာ အရောင်စပ်ကြား ဘောင်းဘီတိုကို ၀တ်ထားပေမယ့်
ဒီလို ကောင်လေးကိုပဲ ရှင်းယံက ချစ်စဖွယ်လို့ အရင်ကတည်းက မြင်နေခဲ့တော့ ခက်ရတယ်။

အူစီလုံးWhere stories live. Discover now