For Unicode
အူစီလုံးရဲ့ ရည်းစားဖြစ်လာပြီးနောက် ရဝေရှင်းယံအတွက် ရည်းစားလေးကို ဂရုစိုက်တာအပြင် ပိုလာတဲ့ ၀တ္တရားတစ်ခုကတော့ အကြွေးကူဆပ်ပေးရတာပဲ။ဘယ်ဝိုင်းထိုင်ထိုင် သူဆော့လို့ပါတဲ့ ပိုက်ဆံ မလောက်တော့ဘူးဆိုရင် ရှင်းယံဆီကို သွားတောင်းလိုက် ဆိုပြီး အဆောင်နာမည် အခန်းနံပါတ်နဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး လမ်းညွှန်ပြီးလွှတ်တတ်တယ်။
အရင်က ပြောတော့ စီးပွားဖြစ်ရိုက်တာမဟုတ်ဘူး ဘာညာနဲ့ အာချောင်ပေမဲ့ တစ်နေ့ထဲ ဖဲကြွေး နှစ်သောင်းနီးပါး အတောင်းခံလိုက်ရပြီးနောက်မှာ ရှင်းယံ သူ့ရည်းစားလေးအတွက် စိတ်အခြေအနေက စိုးရိမ်ရေမှတ်ရောက်လာတယ်။
ပိုက်ဆံဆပ်ပေးရတာ ကိစ္စမဟုတ်ပေမယ့် အပျော်ကနေ အပျက်ဖြစ်မှာကို ရှင်းယံက စိတ်ပူတာ ဖြစ်၏။
ဤကိစ္စ စကားဟ တိုင်းလဲ သူတို့ခနခနရန်ဖြစ်ရတတ်သည်။ ရန်ဖြစ်တယ်သာ ပြောတာ အူစီလုံးကသာ တစ်ကိုယ်တော် ဟောက် စိတ်တွေကောက်ပြီး သောင်းကျန်းတတ်တယ် လို့ ပြောရင်ပိုမှန်ပေမည်။
သို့သော် သူနိုင်လာလျှင်တော့ ရှင်းယံ အား ပိုက်ဆံမကုန်မချင်း မုန့်လိုက်ကျွေးတတ်၏။
မစားချင်ဘူးငြင်းရင်လဲ မကြိုက်သလို သူ့ကိုနှိမ်တာလားဆိုပြီး ဘာမဆိုင်ညာမဆိုင် ဒရာမထထခင်းတတ်၍ အခုတလော ခေါင်းဘယ်လိုခါရမလဲဆိုတာ ပင် မေ့နေပြီ။ကျော်ရှိန်၀င်းထက် မပါရင်တော့ အူစီလုံးလဲ ဒီလောက်တော့ ပွဲတိုင်းဆော့နိုင်တော့မည် မဟုတ်လို့ တစ်ခါတစ်လေ ရှင်းယံတွေးမိတယ်။အူစီလုံးက အဖော်ပါမှ မိုက်ရဲတဲ့လူမျိုးကိုး။
သို့ပေမယ့် နေနှစ်စင်းထွက်တာကသာဖြစ်ရင်ဖြစ်နိုင်မည် ဖဲဝိုင်းမှာ ဟိုအိုင်တီက ကောင်စုတ်လေး မပါဖို့ဆိုတာတော့ မဖြစ်နိုင်တာမို့ ထိုအကြံကိုလဲ လက်လျှော့လိုက်ရပြီး
ရည်းစားလေးသဘောကျ ဆိုးသွမ်းနေတာကိုပဲ
ထိုင်ကြည့်နေဖို့ သူရွေးချယ်လိုက်ပါတော့၏။
.
.
.
." စာမေးပွဲ ပြီးရင် ခရီးသွားရအောင် "
အူစီလုံးက ခေါင်းကုတ်ရင်း စိတ်မကြည်သလို ဟာ ခနဲ ရေရွတ်ကာ ဆက်မပြောတော့။
