5

1.8K 228 10
                                    

For Unicode

ဘာမှရေရေရာရာလဲ ‌ယူစရာမုန့်မရှိတာကြောင့် ရှင်းယံ အမြဲ သောက်တတ်တဲ့ ပဲနို့ ပဲ ‌ ရေခဲသေတ္တာ ထဲက ယူလာလိုက်ကာ တစ်ဖက်အိမ်သို့ ကူးလာလိုက်တယ်။

" အန်တီ...ရှင်းယံ ရှိလား "

ရှင်းယံ မိဘတွေက  တစ်ခုခုဆွေးနွေးနေဟန်ပေါ်ကာ သူလာတော့ စကားစပြတ်သွားသည်။
မျက်မှန်ပင့်ကာ ကြည့်လာတဲ့ ရှင်းယံ၏အဖေ ဦးဝေသက် ကြောင့် အူစီလုံး ဂလုခနဲ တံတွေးမျိုချ မိသွားတယ်။

ငယ်ငယ်ကတည်းက သူ့ကိုဆိုရုပ်တည်ကြီးနဲ့ ဟောက်တတ်တဲ့ ရှင်းယံအဖေအား သူက သိပ်ကြောက်ပါသည်။

" ရှိတယ် သားသား။ ရေချိုးပြီးဆင်းမလာသေးဘူး "

" ဟုတ်  "

လှေကားအကွေ့မှာ အလှတပ်ဆင်ထားတဲ့ မီးအိမ်ငယ် လေးတွေ က ဒီအိမ်ကိုလာတိုင်း အူစီလုံး သဘောတကျ ကြည့်မိတာလေးတွေ ဖြစ်တယ်။

ရှင်းယံရဲ့ အဖေက စိတ်ကူးကောင်းလွန်းလှကာ တစ်အိမ်လုံးကို ခေတ်မှီမှီပဲ ပြင်ဆင်တတ်လို့ အိမ်ရဲ့ အတွင်းအပြင် နှစ်ခုစလုံးက  လှပသပ်ရပ်၏။

" ရှင်းယံ "

တံခါးခေါက်လိုက်ပေမယ့် အထဲက သကောင့်သားက ဖွင့်မပေးနေဘူး။ ဖြစ်နိုင်ရင် တံခါးကို ခြေထောက်နဲ့ ဆောင့်ကန် ချင်တာ ဖြစ်ပေမယ့် အောက်ထပ်မှာ အန်တီတို့ ရှိနေ၍သာ ငြိမ်နေလိုက်ရသည်။

" ရှန်ယင်း  လို့ "

ဘယ်လောက်ခေါ်ခေါ် ထွက်မလာတော့ အူစီလုံးလဲ နှာကစ် လာပြီ။ ထို့ကြောင့်

" မထွက်လာလဲ နေတော့ ငါပြန်တော့မယ်။ ပဲနို့ ထားခဲ့တယ် ဟေ့ကောင် "

တကယ်ကြီးထွက်မလာဘူး!!
ပဲနို့ဗူးကို စူစူပုတ်ပုတ်နဲ့ပဲ အခန်းရှေ့ ထားခဲ့ကာ ဆင်းသွားဖို့ လုပ်နေတုန်း ကလစ် ခနဲ မြည်သံနဲ့ အတူ အခန်းတံခါးက ပွင့်လာသည်။

တီရှပ်အဖြူပွပွနဲ့ အားကစားဘောင်းဘီအမည်းရောင်ကို ၀တ်ထားတဲ့ ရေချိုးထားပြီးစ သန့်ပြန့်နေတဲ့ ရှင်းယံက တံခါးနောက်မှာ လက်ပိုက်လျှက် ရပ်ကြည့်နေပုံမှာ ကြောက်စရာပင် ကောင်း၏။

အူစီလုံးWhere stories live. Discover now