6

1.6K 205 5
                                    

For Unicode

နဂိုကတည်းက အပျော်မက်တာ အဖော်မင်တာ က အူစီလုံးရဲ့ စရိုက်ဆိုပေမယ့်
တေးသရုပ်ဖော်ကပြီးတာတောင် ထို၀တ်စုံကို မလဲပဲ လူတစ်စုနဲ့  ဟိုယိမ်းသည်ယိမ်း လုပ်နေတာကတော့ တရားကိုလွန်သည်။ ဟိုဟိုသည်သည်ကနေ  သူ့အသံကပဲ စူး ထွက်နေ၏။

ရှင်းယံ ကတော့ နာရီကို ကြည့်ကာ ကြည့်ကာနဲ့ ပြန်ချင်လှပြီ ဖြစ်ပြီး သွားခေါ်ရင်လည်း ပွဲကြိုက်မောင် တစ်ယောက်  စိတ်တော် ညိုးမည်စိုး၍ စောင့်ပေးနေရတာ ဖြစ်သည်။

" မောင်လေး ဒီကြည့်မယ် "

ကင်မရာကိုင်ထားသည့် အစ်မတစ်ယောက်က ပြောပြောဆိုဆို ဓာတ်ပုံရိုက်လိုက်တာမို့ ရှင်းယံမှာ အနေခက်ခက်နဲ့ပဲ ပြုံးလိုက်ရတယ်။

ဒီဓာတ်ပုံရဲ့ ရှေ့လားရာကို သူကကြိုသိနေနှင့်ပြီ။ ပထမဆုံး ကျောင်းပေ့ခ်ျမှာ ပါလာမယ်..ပြီးရင် နိုတီတွေတတ်မယ် ။ အူစီလုံး က friendတွေ လာလက်ခံခိုင်းဦးမယ်...သူက အလိုက်မသိ ထိုးကျွေးနေတဲ့ အူစီလုံးကို ဒေါသထွက်ရမယ်။
ဒီလိုပဲ သံသရာတွေလည်နေဦးမှာ မလွဲ..။

" ကိုရဝေရှင်းယံ "

ဘယ်သူမှန်းမသိသော်လည်း အနားလာကာ ကိုယ့်နာမည်ခေါ်လိုက်ပြီ မို့ ရှင်းယံ အလိုက်တသင့်ပြုံးပြလိုက်ကာ အကြည့်ပြန်လွှဲလိုက်တယ်။

"  ကျွန်တော့် နာမည်  ‌မြတ်လင်းသူ ပါ "

"  ဟုတ်ကဲ့ "

သူစိမ်းတစ်ယောက်က ဘေးနားကပ်ရပ်ကာ စကားပြောဖို့ အစပြုနေခြင်းသည် ရှင်းယံအတွက်ကအဆင်မပြေဖြစ်လှတယ်။

ဒါကြောင့် နှုတ်ကသာ စကားပြန်ဖြေပေးနေပေမယ့် သူ့အပြုအမူတွေကတော့ ဆန့်ကျင်ဖက်ကြီး ဖြစ်နေလျှက် ရှိ၏။

အရေးထဲမှာမှ အူစီလုံးက ဘေးက ကောင်နဲ့ ဖက်ကာ သီချင်းလိုက်အော်နေသဖြင့် လက်သီးက တင်းခနဲ ဖြစ်သွားရသည်။
ပြန်ရတော့မည်ထင်ရဲ့။

" ကျွန်တော် ကိုရဝေရှင်းယံ နဲ့ ရင်းနှီးချင်.."

"  ဆောရီး ညီလေး။ ကျွန်တော် သွားရတော့မှာမို့ "

စင်အောက်မှာ အော်ဟစ်လို့ ကောင်းနေတဲ့ အူစီလုံး နားကို သွားကာ လက်ကိုဆွဲတော့ အကြည့်စူးစူး တစ်ချက်က ဒိုင်းခနဲ ရောက်လာပြီး သူမှန်းသိမှ မျက်နှာက ချက်ချင်းစပ်ဖြီးဖြီး ဖြစ်သွားတယ်။

အူစီလုံးWhere stories live. Discover now