For Unicode
သူငယ်ချင်းတစ်ယောက်ရှိတယ်။
နှလုံးသားထဲမှာ ဦးဦးဖျားဖျား နေရာယူထားတဲ့ သူ။
ဘ၀ရဲ့ ပထမဆုံး သူငယ်ချင်း...
နှလုံးသားရဲ့ ပထမဆုံး အချစ်ဦး..လူတစ်ယောက်ဟာ တစ်ယောက်ကို ချစ်မိသွားနိုင်တဲ့ အကြောင်းပြချက်တွေကို ဆန်းစစ်ကြည့်ရင် ဘာတွေ ရှိနိုင်မလဲလို့ သူ့ကို စချစ်မိတဲ့အချိန်မှာ တွေးမိခဲ့တာရှိတယ်။
ပထမဆုံး အကြည့်တစ်ချက်....
နူးညံ့လှပတဲ့ အပြုံး....အပေါ်ယံ အမြင်တစ်ချို့နဲ့ဖမ်းစားခံလိုက်ရတာရှိသလို
သူ့ရဲ့ အတွေးတွေ...
ညဏ်ပညာတွေ
စိတ်ရင်းတွေနဲ့ ချည်နှောင်ခံလိုက်တာမျိုးလဲ ရှိတတ်ကြတယ်။ဒါပေမယ့် အဲဒီကောင်လေးမှာကတော့....
.
.
." အူစီလုံး!!!!!"
ဖတ်လက်စ ၀တ္တုစာအုပ်ကို ဘေးချပြီး တစ်ဖက်အိမ်ကနေ ကြားလိုက်ရတဲ့ အသံကြောင့် ရဝေရှင်းယံ ပြုံးလိုက်မိတယ်။
ဘာတွေ မွှေပြန်ပြီလဲ မသိ။ ကြည့်ရတာ အန်တီသူဇာ ကတော့ အတော်လေး စိတ်တိုနေဟန်ပါပဲ။
" နင် လှိမ့်၀င် တည်သုံး ထဲ ကဟာတွေ ခိုးပြန်ပြီမဟုတ်လား။ လာခဲ့စမ်း "
" ဟာ မေ့ တစ်ထောင် ပဲယူတာ "
" နင် တတိတိ နဲ့ ယူနေတာလေ"
ဆူညံပွက်လောရိုက်နေတဲ့ အူစီလုံးတို့ သားအမိအကြောင်းက ဒီလမ်းထဲမှာ ရိုးနေပြီလို့ကိုပြောလို့ရတယ်။
ရှင်းယံ စာအုပ်ကို ကောက်ယူကာ ဖတ်ပြီးသလောက် နေရာလေးကို သစ်ခက်လေးနဲ့ ညှပ်ထားလိုက်ပြီး သူတို့အိမ်ခြံတံခါးရှေ့ကို ကြည့်နေလိုက်သည်။
ထင်သည့်အတိုင်း မကြာလိုက်ပါ။
ခြေသံဆောင့်ဆောင့်လေးတစ်ခုနဲ့အတူ အိမ်ရှေ့က ခေါ်သံစူးစူးလေးက ဆက်တိုက်ထွက်လာ၏။" ရှင်းယံ ရေ ရှင်းယံ "
ပြန်မထူးပဲ တံခါးကို ပဲ သွားဖွင့်ပေးလိုက်တော့ မကျေမလည်မျက်နှာထားနဲ့ ဂျစ်တူးရုပ်က ထွက်ပေါ်လာတယ်။
သူအသည်းယားစွာပဲ ကြိတ်ရယ်လိုက်မိပြီး လုံးပွပွ ခေါင်းလေးကို ဖိနှိပ်ပစ်လိုက်သည်။
