16

2.4K 302 20
                                    

For Unicode
လိမ္မော်နီရောင်တိမ်လွှာများ တစ်စစီလွင့်မျောနေသော သောကြာနေ့ညနေခင်းသည် အတွေးရောအသွေးမှာပါ ထူးခြားစွာလှပနေသည်။

ကျောင်းရှေ့က ဈေးဆိုင်တန်းတွေတွင်လဲ လူတွေ ကြိတ်ကြိတ်တိုး ဖြစ်နေကာ လာမည့်ပိတ်ရက်အတွက် အတိုးချစားနေသလားထင်ရ၏။

" မင်း ဟာလေး .."

နေနောင့် က သူမှာထားသော အအေးကို စိမ်ပြေနပြေ သောက်နေရာကနေ မေးဆတ်ပြတာတော့ ရှင်းယံ ငဲ့ကာ ကျောင်းအ၀င်၀ကိုလှမ်းကြည့်လိုက်သည်။

ဆိုင်ကယ်ဦးထုပ် အနီနဲ့အနက်ကြား လေးဆောင်းထားပြီး အူစီလုံးက လူတွေများနေလို့ထင်သည် ခပ်ဖြေးဖြေး စီးလာသည်။
ထို့နောက် လူများလွန်း၍ ထိုင်စရာခုံပင်မရှိတော့သော မုန့်ဆိုင်တစ်ဆိုင်ရှေ့ ရပ်ကာ လက်ညိုးတစ်ထောင်ထောင် နဲ့ အော်၍မှာနေသည်။

ရှင်းယံ ကျောပိုးအိတ်ကို ကောက်လွယ်ကာ နေနောင့်ကို နှုတ်ဆက်ပြီး လမ်းတစ်ဖက်ကို ကူးလာခဲ့တော့ သူ့ကိုမြင်ပုံရတဲ့ အူစီလုံးက တစ်ချက်ကြည့်ပြီး အကြည့်ပြန်လွှဲသွားတာကိုမြင်လိုက်ရ၏။

" အိမ် ပြန်တော့မလို့လား "

" မဟုတ်ဘူး အတန်းသွားတတ်မလို့ "

ရွဲ့ဖြေလိုက်တာဆိုတာသိတော့ စိတ်ဆိုးရမည့်အစား ရှင်းယံအသည်းယားစွာပဲ ပြုံးလိုက်မိပြီး အူစီလုံးရဲ့ ဆိုင်ကယ် လက်ကိုင်လေးပေါ် လက်တင်ရင်း စကားပြောရတာပိုမိုနီးကပ်စေရန်ကိုယ်ကို ကိုင်းညွတ်လိုက်တယ်။ ဒီလိုလုပ်တော့ ချက်ချင်းနောက်ကိုခေါင်းလေး လန်သွားပြီး မျက်လုံးလေး ဝိုင်းတတ်သွားတဲ့ အူစီလုံးဟာ ဘယ်လိုချစ်စရာသတ္တဝါလေးရယ်ကိုမသိ။

" ဒီနေ့ အိမ်လိုက်ခဲ့မလို့ အန်တီတို့နဲ့လဲ မတွေ့တာကြာပြီ "

"  ကြာဇံကြော် ရပြီနော် ငါးရေခွံကြော်နဲ့ ဘယ်သူလဲ "

အူစီလုံးက ငေးကြည့်နေရာကနေ
ဆိုင်ရှင်အဒေါ်ကြီးဆီသို့အာရုံပြောင်းသွားကာ အသံစာစာ ဖြင့်

" သား သား! တစ်ထောင်နော် အန်တီ ဒီမှာ "

ကမ်းပေးလာတဲ့ ကြာဇံကြော်ဗူးကို ဆိုင်ကယ်ခွရက်ကနေ လက်ကမ်းနေ၍ မမှီဖြစ်နေတဲ့ အူစီလုံးကြောင့် ရှင်းယံကပဲ ကြားထဲကနေ ယူပေးလိုက်ရတယ်။ထို့နောက် ဆိုင်ကယ်ပေါ် ခွထိုင်လိုက်ရင်း

အူစီလုံးWhere stories live. Discover now