20

2.1K 293 27
                                    

For Unicode

" ရှင်းယံ "

" အင်း "

အရိပ်ရတဲ့ ပိတောက်ပင်ကြီးရဲ့ အောက်မှာ ဖျာတစ်ချပ်ခင်းရင်း သူတို့နှစ်ယောက် အေးအေးသက်သာပဲ အနားယူနေတယ်။

ဘေးမှာ ကုလားထိုင်တစ်လုံးရှိကာ မေမေဈေးမသွားခင် တင်ပေးသွားတဲ့ လိမ္မော်ရည် တွေက အအေးငွေ့တွေ ကင်းစင်ပြီး ရေစက်လက်နဲ့ ခုံပေါ်ကို အိုင်ထွန်းနေ၏။

" မင်း  ငါ့ကို မကြိုက်တော့ရင် ချက်ချင်း ပြောပြီး လမ်းခွဲရမယ်နော် "

မဉီးမချွတ်...။ ကိုယ့်မှာတောင် ရွှေထုပ်လေး ကောက်ရထားသလို ဘယ်နားထားရ ဝှက်ရမည်မသိဖြစ်နေရတဲ့ အထဲ သင်းကလေးက ပြောလိုက်ရင် တစ်ခါမှ အကောင်းမပါ။

"  ဥပမာ ငါ့ထက်ပိုကြိုက်သွားတာ ဖြစ်ဖြစ်ကွာ၊ နောက်မှ တကယ်မင်းချစ်သွားတဲ့ လူကို ရှာတွေ့တာ ဖြစ်ဖြစ် ငါ့ကို ပြောပြရမယ်။ "

"  တွေ့မှာ မဟုတ်တော့ဘူး အဲ့တာမင်းပဲ "

အူစီလုံးမျက်နှာလေးက နည်းနည်းတော့ ရဲသွားပေမယ့် ချောင်းဟန့်ကာ ခေါင်းကို အသားကုန်ခါပြသည်။

" စကားအကုန်မပြောရဘူး နွားရ။ ငါအတည်ပြောနေတာ "

" ငါလဲ အတည်ပဲလေ "

" ဆုံးအောင်နားထောင်။ တကယ်လို့ တကယ်လို့ ရှိလာခဲ့ရင်ကွာ...ပြော လို့ ပြောတာ။  ငါတကယ် အေးအေးဆေးဆေး လမ်းခွဲပေးမှာ  ကြားလား ရှင်းယံ "

ရှင်းယံက ပြန်မဖြေတော့ အူစီလုံးက ခေါင်းကို ဒေါက် ခနဲ ခေါက်၍ ထပ်ပြောသည်။

" ကြားလား လို့ "

ဒါလား အေးအေးဆေးဆေးလမ်းခွဲပေးမည့်သူ။ အခုကတည်းကကို ဒေါသသံက ပါနေပြီ။ လူကောင်သေးသလောက် လက်ဆက တစ်ချက်ဆို တစ်ချက် အတော်တော့ ပြင်းသည်။

" အင်း "

သူ့အကြိုက်လိုက်ဖြေတော့မှ အူစီလုံးကျေနပ်သွားသလို ပြန်ငြိမ်သွားကာ  ရှင်းယံနဲ့ နည်းနည်းခွာကာ သူဆော့လက်စဂိမ်းကို ဆက်ဆော့ဖို့ ပြင်သည်။

" ဒါနဲ့ ငယ်ငယ် မင်းငါ့ကို ဒီလိုပဲ ခေါ်နေတော့မှာလား "

" ဘယ်လိုတုန်း "

အူစီလုံးWhere stories live. Discover now