For Unicode
အူစီလုံး ရဲ့ မျက်နှာက တည်တင်းနေသည်။
လက်သီးကို ကျစ်နေအောင် ဆုပ်ထားပြီး
ဘာစကားမှ မပြောတာ ကြာနေပြီ ဖြစ်ပေမယ့် ဂိမ်းထဲက တိုက်ပွဲ အရှိန်တတ်နေတဲ့ ကျော်ရှိန်ကလဲ ဘာဖြစ်လာသလဲ ပင် စကားမထောက်ပေး၍ ဘာမှ ပြောမရဖြစ်နေ၏။အတော်ကြာ သည်းခံ ပြီးကာမှကျော်ရှိန့်လက်ထဲက ဖုန်းက စားပွဲပေါ် ရောက်သွားကာ
အာရုံကလဲ ပြန်လည်လာသည်။" အူလုံး မင်း "
" ငါမပြောချင်ပေမယ့်...ကွာ "
ဒီဂွင်ကို စောင့်နေသော အူစီလုံးက အမေးစကား မဆုံးသေး အင်ထရို တန်း၀င်ချလာသည်။
" မင်းကို ကြိုက်လှပါချည်ရဲ့ ဆိုပြီး အသေအကြေလိုက်ပြီးမှ
တစ်ခြားတစ်ယောက်နဲ့ ဘာလိုလိုညာလိုလို သတင်းထွက်လာရင် အဲ့တာ ကောင်းလားကွာ ီးလိုပဲ သောက်အဓိပ္ပါယ်ကို မရှိဘူး "" ဪ ရဝေရှင်းယံနဲ့ ပပလှိုင်၀င်း သတင်းကြောင့်လား "
" ဟေ့ကောင် ငါက ဥပမာ ပြောနေတာ။ ပပ၀င်းခင်တွေ မင်းဦးတွေ လာမပြောနဲ့။ ကောင်းလား မကောင်းလားပဲ ဖြေ "
ကျော်ရှိန် ဟမ့် ခနဲ ရယ်လိုက်တယ်။
အခုsem မှာ နာမည်အကြီးနေဆုံးက ဒင်းတို့ သူငယ်ဂျင်း အတွဲ ဆိုတာ ခွေးအစ ရရညွန့် အဆုံး အကုန်သိသည်။အာခီ က စတား တစ်ယောက် ဖြစ်တဲ့ ရဝေရှင်းယံ တစ်ယောက် ကြိုးစားပမ်းစား သူ့ငယ်သူချင်းကို လိုက်ပိုးနေတဲ့ ပုံတွေက Mailbox မှာလဲ ပွထနေသလို ကျောင်းထဲ တွင်လည်း နှစ်ကောင်သား ဒရာမာရိုက်နေတာ မမြင်ချင်မှ အဆုံးပဲကို။
ဒီ မနက် ပပလှိုင်၀င်းဆိုတဲ့ အလှပဂေးလေး က ရဝေရှင်းယံ ကားပေါ်ကနေ ပြုံးရွှင်ပြီး အတူတူဆင်းလာပုံက ကျောင်းMailbox မှာ ပါလာတာကြောင့် အူစီလုံး ထိုင်မရ ထမရ ဖြစ်နေပုံက သိသာလွန်းသည်။
ကြိုက်နေရဲ့ သားနဲ့ မူနေတာ အလကား!
ကျော်ရှိန်က သူတို့သစ္စာရှိဖဲဝိုင်းကိုပလစ်ပြီး ဘဲ နောက် ကောက်ကောက်ပါနေကတည်းက ကြည့်မရနေတာမို့ အကွက်ထဲ ၀င်လာခိုက် အမှောက်သိပ်မည် စိတ်ကူးဖြင့် သက်ပြင်းကို ဟန်နှင့်ပန်နှင့် ချလိုက်၏။
