For Unicode
" ဟာ မရပါဘူး မရဘူး မရဘူး "
ကျော်ရှိန်၀င်းထက်ရဲ့ ခါးခါးသီးသီး အသံကြောင့် ရဝေရှင်းယံ သူ့နှဖူးသူ ပြန်နှိပ်လိုက်မိကာ သက်ပြင်းချလိုက်တယ်။ နေနောင့်ရဲ့ surprise ဆန်ဆန်ရောက်ရှိလာမှုကို ကြိုမသိရှာလေသော ကျော်ရှိန် က အခန်းတူတူသုံးရန် ခါးခါးသီးသီး ငြင်းဆန်သည်။
နေနောင့်က သူတို့ သုံးယောက် စကားဝိုင်းထဲ ၀င်မပါပဲ ပင်ပန်းနေဟန်ဖြင့် လက်ပိုက်ကာ နံရံကို မှီလျှက် စောင့်ကြည့်နေသည်။
" ဒါဆို ငါက ကျော်ရှိန်နဲ့ အိပ်လိုက်မယ်ကွာ။ ရှင်းယံ မင်း နေနောင့် နဲ့ နေလိုက် "
" မရဘူး !"
ဒီတစ်ခါမရတာကတော့ ရှင်းယံ ဖြစ်သွားရပြီ။ သူ့မှာ ဘာအကြံအစည်ဆိုးမှ မရှိပေမယ့် နှစ်ယောက်တူတူ အေးအေးဆေးဆေးလေး အချိန်ကုန်ချင်လို့ ခရီးလာတာ သူငယ်ချင်းနဲ့ အိပ်ရမယ်ဆိုတာကြီးကျတော့ မဟုတ်သေး။
ပိတ်ရက်မို့ ဟိုတယ်မှာ အခန်းကလဲ မရှိတော့သည့်အပြင် ကျော်ရှိန်၀င်းထက်ကလဲ သူတစ်ယောက်တည်းနေချင်သည် ဘာညာ လုပ်နေတော့ နေနောင့်က ကမ်းခြေထွက်အိပ်ရတော့မဲ့ ကိန်းဆိုက်နေတာ ဖြစ်၏။
" ဘာ မရတာလဲ။ အိပ်တာပဲ ဘယ်သူနဲ့ အိပ်အိပ်ပေါ့...ညှိမယ် နှိုင်းမယ် ကိုမရှိကြဘူး မင်းတို့ကောင်တွေ..နောက်မလာဘူးမှတ် "
အူစီလုံးကလဲ ပေါက်ကွဲနေပြီမို့ အသံကခပ်မာမာ။ သူပြောတာလဲမှန်နေတာမို့ ဘူးခံငြင်းထားတဲ့ ကျော်ရှိန်၀င်းထက်မျက်နှာလေးက ဇီးရွက်လောက်ပဲ ကျန်တော့သည်။
" ထားလိုက်တော့...ရတယ် ငါ့အခန်းပဲ ခေါ်လိုက်တော့မယ် "
သူ့အပြုအမူတွေကို ပြန်သုံးသပ်မိတဲ့ ကျော်ရှိန်လဲ နောက်ဆုံးလျှော့လိုက်ပြီး သဘောတူလိုက်သည့်တိုင် အူစီလုံးက မျက်နှာကြောမပြေသေးပဲ လက်တစ်ခါခါဖြင့်
" မဟုတ်ပါဘူး မင်းလဲ သူနဲ့ ရင်းမှမရင်းနှီးတာ အနေခက်မှာပဲလေ။ ငါပြောသလိုပဲ လုပ်လိုက်မယ် "
သည်တစ်ခါတော့ ရှင်းယံ ဘာမှ၀င်မပြောတော့ပဲ ရပ်နေသည်။ နည်းနည်းစိတ်ဆိုးချင်နေပေမယ့် ရည်းစားလေးကပိုပွဲကြမ်းတော့မည့်ပုံပေါက်နေ၍ ငြိမ်နေလိုက်ရသည် ပြောရင်ပိုမှန်မည်။
