10

8.9K 681 37
                                    

For Unicode

" ရှင်းယံ "

ပိတ်ရက်မှာ အိမ်ကို လာခဲတဲ့ အူစီလုံးဆီက စောစောစီးစီး ခေါ်သံကြားရတာကြောင့် ရှင်းယံ သူ၏ရင်ထဲက ပျော်ရွှင်မှုဟာ အတိုင်းမသိခုန်တတ်သွားတာကို သတိထားမိတယ်။

ထို့ကြောင့် မနက်စာစားဖို့ ပြင်ဆင်နေရာက‌နေ ခြံထဲ အမြန်ပြေးဆင်းလာခဲ့ပြီး တံခါး ကို ချက်ချင်းပဲ ဖွင့်ပေးလိုက်၏။

" အူလုံး မင်း "

ရှင်းယံ ပြောလက်စ စကားတွေ ရပ်သွားရကာ အူလုံးကို ခပ်တည်တည်ပဲ စိုက်ကြည့်လိုက်တယ်။ အကြောင်းက သူ့‌နောက်မှာ ပါလာတဲ့ ကောင်‌လေးတစ်ယောက်ကြောင့်။

" ဟိုင်း "

မြတ်လင်းသူက ရွှင်လန်းစွာနှုတ်ဆက်ပေမယ့် ရှင်းယံမျက်နှာထားက တင်းမာနေကာ အူစီလုံးကိုပဲ ဘာသဘောလဲ ဟူသည့်ပုံဖြင့်စိုက်ကြည့်နေတာမို့ အူစီလုံး ပုခုံးလေးကျုံ့သွားကာ တဟဲဟဲ ရယ်လိုက်ရင်း

"  မြတ်လင်းသူက ငါ့ဆီ အလည်လာရင်းနဲ့ပါကွာ...ကြုံတုန်း မင်းဆီပါခေါ်လာလိုက်တာ "

ဘယ်လို မှသောက်အဓိပ္ပါယ်မရှိပေမယ့်လဲ အူစီလုံး လဲ ထိုထက်ပိုစဉ်းစား၍ မတတ်တော့။
မြတ်လင်းသူ တတ်ကြွတာ သိပေမယ့် ဒီလို မနက်အစောကြီးရောက်လာမယ်လို့ သိလဲ မသိတာအမှန်။ အလားတူ ရှင်းယံရဲ့ စိတ်အခြေအနေကလဲ ကောင်းမနေတော့သဖြင့် ဖြစ်နိုင်ရင် ဒီနေရာကနေ လစ် ချင်ပြီဖြစ်တယ်။

သူထင်တာ ရှင်းယံလဲ မြတ်လင်းသူအပေါ်နည်းနည်းတော့ စိတ်ရှိတယ်လို့လေ...မဟုတ်ရင် ဒီလောက် တစ်သီးတစ်ခြား နေတတ်တဲ့ ကောင်က ကားပေါ်ခေါ်တင်တာတို့ အနားကို တိုးကပ်တာတို့လောက်ထိ ခွင့်ပြုပေးမှာမှမဟုတ်ပဲ...သူက တကယ်ကူညီချင်ရုံ ပါ။

" ၀င် ပြီနော် "

အိမ်ထဲမဖိတ်သည့် အိမ်ရှင်ကြောင့် အူစီလုံးကပဲ မရဲတရဲ ၀င်လာကာ မြတ်လင်းသူကိုလဲ လာခဲ့ဖို့ ခေါင်းကိုဆတ်ခနဲ ခါ၍ အချက်ပြသည်။

ရှင်းယံတကယ်ပဲ နောက်ကနေ အူစီလုံးရဲ့ တင်ပါးကို ဆောင့်ကန် ပစ်လိုက်ချင်စိတ်ကို မနည်းထိန်းထားရင်း မြတ်လင်းသူကို ၀င်ဖို့ တံခါးကို ခပ်ကျယ်ကျယ်ဆွဲဖွင့်ပေးလိုက်၏။

အူစီလုံးWhere stories live. Discover now