For Unicode
အချိန်တွေကတော့ ပြောင်းလဲမြဲ ပြောင်းလဲဆဲ ဖြစ်ကာ မပြောင်းလဲ လာတာကတော့ အူစီလုံး ရဲ့ အရပ်ပင်။
ဒုတိယနှစ်ကိုရောက်၍ စီနီယာ အချိုး ချိုး ချင်တာတောင် သူ့ခမျာ ပထမနှစ်ကလေးတွေနဲ့ အရော ခံ နေရတုန်း ဖြစ်၏။
သို့သော် အူစီလုံး တို့ နည်းနည်းတော့ ငြိမ်သွားသည်ပြောရမည်။ အရင်ကလိုအတန်းလစ်ပြီး ဖဲဝိုင်းပဲ ရောက်နေတာမျိုးတော့ မရှိတော့ချေ။
အလားတူပဲ ပြောင်းလဲ မှုတွေ အများကြီး ဖြစ်လာတာကတော့ ရဝေရှင်းယံ ဆီကပင် ဖြစ်တယ်။
အနေအေးတဲ့ ကင်းရှောင် ဘွဲ့ ထူးကနေ အပြုံးချိုချို စီနီယာ တစ်ယောက် ဖြစ်လာကာ
ကျောင်း၏ Activity တိုင်းမှာ ပါ၀င်လာတတ်သည်။အမြဲအူစီလုံးပဲ ဆက်ခံထားသည့် သူငယ်ချင်းရာထူးက အခုဆို လူအများကြီးဆီ ရောက်နေပြီ ဖြစ်၏။
ကြည့်လိုက်ရင် ဘေးမှာ တစ်ယောက်မဟုတ် တစ်ယောက်တော့ပါလာတတ်သည်။
အရင်က ထမင်းတစ်ခါတစ်လေ အတူတူ စားဖြစ်ကြရာကနေ အခုဆို လုံး၀ပင် မစားဖြစ်ကြတော့သည်အထိ အနေဝေးသွားခဲ့ကြပြီ ဖြစ်သည်။အရင်ကထက် ပိုပြီး စီးပွားရေးမှာ အောင်မြင်အခြေကျလာတဲ့ ရှင်းယံ မိဘတွေက မြို့ထဲ ကမားကတ်နဲ့ နီးသည့် နေရာမှာပဲ အိမ်တစ်လုံး ၀ယ်လိုက်ကာ ထိုမှာပဲ ပြောင်းလဲနေထိုင်ကြတော့သည်။
အိမ်အဟောင်းကိုတော့ အရောင်း တင်ထားပြီး ပွဲစားတွေနဲ့ ဝယ်မည့်သူတွေ ခနခနလာကြည့်တာကလွဲရင် အခုထိတော့ ရောင်းလိုက်တာမျိုး မရှိသေးပါ။
ထို့ကြောင့် ပုံမှန်လိုမျိုး အချင်းချင်းမြင်တွေ့နိုင်စရာ အကြောင်းကိစ္စ ကိုမရှိတော့ဟု ပြောလို့ရ၏။တစ်ခါတစ်လေ ရှင်းယံ အိမ်လာတဲ့ အခါ ဒါမှမဟုတ် သူ မေမေတို့ ခိုင်းလို့ သွားရတဲ့ အခါမျိုးလောက် စကား တစ်ခွန်း နှစ်ခွန်း ပြောကြတာတွေ ကလွဲရင် သူတို့ဆုံချိန် ၊စကားပြောချိန် ဟူ၍ သီးသန့် မရှိတော့။
အစက ဤအခြေအနေကို အူစီလုံး မကြိုက်လှ...သူ့စိတ်သူ သေချာသွားရင်လည်း အရင်လို ခင်ခင်မင်မင် ပြန်ဖြစ်ချင်သည်။
ထို့ကြောင့် လမ်းစရှာတိုင်း ရှင်းယံ က ရှောင်ထွက်သွားတာပဲ များ၍ နောက်တော့ ကိုယ့်မာနနဲ့ကိုယ် ပြန်ထိန်းရင်း အသီးသီး နေသားကျကုန်တော့တာပဲ ဖြစ်ပါ၏။
.
.
.