For Unicode
ခါးသက်နေသော မျက်နှာထားနှင့် အူစီလုံးက ကန်တင်းမှာ ထိုင်ကာ မှာထားသော ထမင်းကြော်ကို စိတ်မပါသလို ကသိုင်းရှုနေပုံက အများသူငှာကို အတော်လေးစားချင်သောက်ချင်စိတ် ပျောက်စေသည်။
ရဝေရှင်းယံ လဒလေးက ချိန်းတုန်းက ချိန်းထားပြီး အခုထိပေါ်မလာသေး။ ကျော်ရှိန်ဆိုတာကတော့ စာသင်နှစ်စကတည်းက ၃၁ဘုံအပြင်မှာ တဲထိုးပြီး နေနေသူမို့ မျှော်မရမှန်းသိသည်။
နောက်ဆုံးလက်ကျန်စိတ်ရှည်မှုလေးကို ဆွဲဆန့်ကာ ဖုန်းခေါ်တော့လည်း ၀င်ပြီး မကိုင်သဖြင့် အူစီလုံး၏ သည်းခံမှု ရေချိန်က ကျော်လွန် သွားပြီ မို့ ကန်တင်းက ထထွက်လာလိုက်တော့သည်။
အတော်လှမ်းလှမ်းရောက်ကာမှ ငယ်ငယ် ဟူသော ခေါ်သံနဲ့အတူ သူ့လက်တစ်ဖက်ကို ရှင်းယံက လာဆွဲသည်။ ပြေးလာရသဖြင့် အမောတကော ဖြစ်နေဟန်က စိတ်ပျော့ချင်စရာပေမယ့် မရတော့ပြီး ဆိုးပြီးသားစိတ်က ဘယ်အကြောင်းနဲ့မှ ပြေစရာ မရှိ။
" ဘာတုန်း ငါစားပြီးပြီ"
" မဟုတ်တာကွာ...မင်း ဘယ်တုန်းက ဒီလိုအစောကြီးပြီးလို့လဲ "
သူ့အကြောင်းကို သူ့ထက်ပိုသိသည့် ရဝေရှင်းယံကို ညာလို့ မရတာ တကယ်မှန်သည်။အူစီလုံး ဘာမှ ဆက်မပြောတော့ပဲ မျက်နှာကို တင်းထားဆဲ ဖြစ်ကာ ရှင်းယံက သက်ပြင်းချလျှက် သူ့လက်လေးကို နူးညံ့စွာ ပွတ်သပ်ရင်း
" လမ်းမှာ ခန်းမဆောင် ဆီ အအေးကဒ် တွေ ကူသယ် ပေးနေရလို့ပါကွာ။ ငါပြီးပြီးချင်း အမြန်ပြေးလာတာ "
" ဒါဆိုလဲ ဖုန်းဆက်ပြောလေကွ။ ငါထိုင်စောင့်နေတာ အကြာကြီးပဲ ဖုန်းလဲ မကိုင်ဘူး "
" အာ...ငါမေ့သွားတာ။ဖုန်းက စာသင်ချိန်တုန်းက silent လုပ်ထားတာ မဖြည်ရသေးတာနဲ့ "
သူပြောနေတာတွေအကုန်က သဘာ၀ကျတော့ အူစီလုံး စိတ်ပြေနေပြီ ဖြစ်သော်လည်း မျက်နှာထားက လိုတာထက်ပိုတင်းထားတော့ ဘယ်လိုပြန်လျှော့ရမည်လဲ မသိတော့။ ထို့ကြောင့် ရှင်းယံကို ထားပြီး အရင်လျှောက်လာခဲ့သည်။ ထင်သည့်အတိုင်းပါ ရှင်းယံက နောက်မှ လိုက်လာလျှက်