19

1.7K 289 43
                                    

For Unicode

"အူလုံး ရှင်းယံလာတယ်"

အောက်ထပ်က မေမေ့အသံ ကြားတာကြောင့် ကုတင်ပေါ် မှောက်အိပ်နေရာကနေ ကုန်းရုန်းထကာ ငှက်သိုက်လို ဆံပင်ကေကို အမြန် ပုံကျသွားအောင် လက်ဖြင့် သပ်လိုက်ရသည်။

"  သိပါဘူး နေမကောင်းလို့ဆိုပြီး ဆင်းမလာဘူး "

မေမေနဲ့ ရှင်းယံ ရဲ့  စကားပြောတာကို အခန်းတံခါးနား ကပ်ကာ နားထောင်နေတုန်း အသံရပ်သွားကာ အိမ်ပေါ်သို့ တတ်လာသည့် ခြေသံကို ကြားလိုက်ရ၍ ကိုယ်ကို ပြန်ခွာကာ ကုတင်ပေါ် လှဲ အိပ်လျှက် စောင်ကို ရင်ခေါင်းအထိ ဆွဲခြုံ လိုက်သည်။
တံခါးခေါက်သံ သဲ့သဲ့ ထွက်လာပြီးနောက် ခနမျှ ငြိမ်သွားကာ လော့ခ် ချမထားသော သူ့အခန်းတံခါးလေးက ဖြည်းဖြည်းလေးပွင့်သွား၏။

မျက်လုံးကို အတင်းမှိတ်ကာ အိပ်ချင်ယောင် ဆောင်နေသော သူ့အား ရှင်းယံ ရောက်လာကာ အသက်ရှူသံ တိုးတိုးကိုပင် ကြားနေရသည် အထိ နီးကပ်လာတာကို သတိပြုမိတာမို့ ရင်ကလဲ ပေါက်ထွက်မတတ်ကိုခုန်နေတော့သည်။

ထို့နောက် သူ့နှဖူးပြင်ပေါ် ငြင်သာစွာ ထိတွေ့လာသော ရှင်းယံ ရဲ့ လက်ဖဝါးနွေးနွေး...
ထိုသို့နူးညံ့နွေးထွေးသော အထိအတွေ့လေးက ခနချင်းပင် ပျောက်ကွယ်သွားသည်။

ထို့နောက် ဘယ်သူမှ မရှိတော့သလို တိတ်ဆိတ်ငြိမ်သက်သွားပြန်၍ မျက်လုံးကို တစ်ဖက်ဖွင့်ကာ ချောင်းကြည့်တော့

လခွမ်း....

သူ့နှဖူးပြင်ရှိရာ ထိကပ်လာဖို့ ပြင်နေတဲ့ ရှင်းယံရဲ့ နှုတ်ခမ်းပါး ရဲရဲတွေ...‌ရီဝေဝေ ရွှန်းစိုနေတဲ့ မျက်၀န်းနက်နက်တွေနဲ့ တိုက်ရိုက်ဆုံတယ်။
ရှင်းယံရဲ့ မျက်ခုံးတွေ ပင့်သွားပေမယ့် တစ်စက်ကလေးမှ နောက်ဆုတ်မည့်ဟန်တော့မပေါ်။

ဘာလုပ်ရမလဲ ဆိုတာကို တစ်စက္ကန့်တွင်းတွေး၍ မဖြစ်။ တွန်းလိုက်သင့်ပေမယ့် သို့တည်း မဟုတ် မျက်နှာလွှဲလိုက်လို့ လဲ ဖြစ်ပေမယ့် အူစီလုံးကတော့ မျက်လုံးမှိတ်ဖို့ကိုသာ ရွေးချယ်ခဲ့တယ်။

သို့သော် ထင်ထားသလို အနမ်းတစ်ပွင့်က ကျရောက်မလာပဲ ပါးပြင်ကို နူးနူးညံ့ညံ့ အသာဆွဲခံလိုက်ရကာ ရှင်းယံက အေးအေးဆေးဆေးပဲ ပြုံးပြနေတယ်။

အူစီလုံးWhere stories live. Discover now