4

1.8K 238 15
                                    

For Unicode

ဒီနှစ်ရဲ့ ဖရက်ရှာဝဲလ်ကမ်းမှာ အူစီလုံး တို့ ပထမနှစ်အုပ်စုက တေးသရုပ်ဖော် ကမယ် ဆို တဲ့ အကြောင်းကိုကြားပြီး ရှင်းယံ ရဲ့ စိတ်အခြေအနေက မှောင်မိုက် နေတယ်။

အခုဆို အူစီလုံးက သမ္မတထက်ပင် အလုပ်ရှုပ်နေကာ ထမင်းပင် အတူတူ စားမပေးနိုင်တော့။
ညနေဆိုလည်း သူစောင့်ပေးနေ၍သာ အတူတူပြန်လို့ ရနေခြင်းပင်။

အကတိုက်တဲ့ ခန်းမမှာ လူတွေများတာမို့ ရှင်းယံက အမြဲ ကားပေါ်ကပဲ ထိုင်စောင့်နေတတ်တယ်။

အကတိုက် တယ်သာ ပြောတာ အူစီလုံးက သူ့အား ရေရေလည်လည် ရှင်းမပြ။ ပွဲရောက်ရင် ကြည့်လို့သာ တွင်တွင် ပြောသည်။

တေးသရုပ်ဖော်ကမည့် သီချင်းတွေကလဲ စုပေါင်းစပ်ပေါင်းဖြစ်ကာ စုံသည်။
ရှင်းယံတစ်ယောက် တစ်နှစ်စောကာ ကျောင်းတတ်ခဲ့သော်လည်း အူစီလုံးလောက် ကျောင်းက လူတွေကို မသိ။

အခုတော့ သွက်သွက်လက်လက်နဲ့ စကားချိုသော ဂျစ်တူးအူလုံးဟာ စီနီယာ တစ်ချို့ရဲ့ အသည်းကျော် ပင် ဖြစ်နေပြီ။

" မမ ဒီဒီ တာ့တာ "

" အူလုံး လေး တာ့တာ "

အဖေမတူ အမေကွဲ မောင်နှမတွေလို စီနီယာ အစ်မ ဒီဒီလင်း နဲ့ အူစီလုံးက အတူတူ ကားရပ်ထားသည့်အနားကို ထွက်လာပြီး မပြီးနိုင်စွာပဲ နှုတ်ဆက်နေတယ်။

အစက ဟွန်းတီး ရန်ပြင်လိုက်သော်လည်း စီနီယာကို မလေးမစား ဖြစ်မည် စိုး၍ ကားတံခါးဖွင့်ကာ သာ လူလုံးထွက်ပြလိုက်ရသည်။
သူ့ကို မြင်တော့ အူစီလုံးက လက်ကိုယမ်းပြကာ ကြက်ပေါက်လေးတွေပြေးသလို ပြေးလာသည်။

" ရှင်းယံ...ငါတို့ အဇစ်မှာ အအေး၀င်သောက်ရအောင် "

" အင်း "

မကျေမလည် ဖြစ်နေသော်လည်း ရှင်းယံက အကျင့်ပါစွာ သဘောတူမိပြန်တယ်။
အမည်းရောင်လျှာ ထိုး ဦးထုပ်လေးကို နောက်ပြန် ဆောင်း ထားတာကြောင့် အူလုံးရဲ့ ဖြူဖောင်းဖောင်းမျက်နှာလေးက ထင်းနေကာ နည်းနည်းလေးပူရင်ကို ရဲတတ်လာတတ်တဲ့ ပါးလေးတွေက ပွတ်ချေခံထားရသလို အရောင်‌ပြေလေး ပြေးနေသည်။

အူစီလုံးWhere stories live. Discover now