22

2.6K 292 29
                                    

For Unicode

Hotelက နှစ်ယောက်ခန်းကိုပဲ ရှင်းယံက booking တင်ထားတာမို့ အပိုပါလာသည့် ကျော်ရှိန်က တိုင်ပတ်နေသည်။

တစ်ယောက်ခန်း မရှိတော့ပဲ သုံးယောက်ခန်း ပြောင်းမယ် အူစီလုံးက အကြံပေးတော့လဲ ကျော်ရှိန်ရော ရှင်းယံရောက ခါးခါးသီးသီး ငြင်း၏။

နောက်ဆုံးမထူးတော့ပဲ နှစ်ယောက်ခန်း နှစ်ခန်းငှားလိုက်ရကာ ကျော်ရှိန်က တော့ သူ့ဘာသာ သီးသန့် လွတ်လွတ်လပ်လပ်နေမည်ဆိုပြီး အထုတ်ဆွဲကာ ၀င်သွား၏။

သည်တော့ ကျန်နေခဲ့သည့် ရှင်းယံနဲ့ အူစီလုံးလဲ ကိုယ့်အထုတ်ကိုယ်ဆွဲကာ အခန်းမှာ နေရာချ အနားယူဖို့ ပြင်ရတော့သည်။

ပင်လယ်ကို ကောင်းကောင်းမြင်ရပြီး လှိုင်းသံသဲ့သဲ့ကိုပါ ကြားနေရတာ စိတ်အေးချမ်းသာစရာ ကောင်းပေမယ့်  အူစီလုံးကတော့ ခြေလက်ဆေးပြီး ကုတင်ပေါ်ကန့်လန့်လှဲကာ ဂိမ်းဆော့ဖို့ ပြင်နေလေ၏။

" ငယ်ငယ် ဖုန်းချကွာ "

" ရှင်းယံရာ ငါ့ဖုန်းငါကိုင်ကာ မင်းခေါင်းပေါ်ရွက်ထားရလို့လား ဟမ် "

" မင်းကို အနားယူရအောင်ခေါ်လာတာ ကဲ နားထောင်စမ်းပါကွာ "

အူလုံး အိပ်နေသည့် အနား၀င်လှဲကာ ဖုန်းကိုလုတော့ ချက်ချင်း အံကြိတ်ကာ ပြန်လုသည့် ယောင်္ကျားဘသားက တကယ်မလွယ်ကြော။

တစ်ဘုန်းဘုန်းရိုက်လိုက် ကန်လိုက် အနိုင်ကျင့်တတ်ခြင်းဟာ အူစီလုံးရဲ့ love languageတွေလို့ မှတ်ယူထားတဲ့ ရှင်းယံကတော့ နာရမယ်မှန်းလဲ မသိ ဖြုံလဲမဖြုံတော့ပါချေ။

"  တစ်နာရီလောက် အိပ်ရအောင်။ နိုးလာရင် ရေမိုးချိုးပြီး ကမ်းခြေသွားမယ် "

" ပျင်းတယ် ...ငါဒီချိန် မအိပ်တတ်ဘူး "

ရှင်းယံသူ့လက်ထဲက အူလုံးဖုန်းကို ဘေးချလိုက်ကာ ဖြူအုအု လက်ချောင်းသွယ်လေးတွေကို ဆုပ်ကိုင်ပြီး သူ့ပါးအနားကပ်လိုက်သည်။

ချွန်မြပြီးကြည်လင်နေတဲ့ နှာတံသွယ်စင်းစင်းနဲ့ အနက်ရောင်ဆံပင်နူးနူးညံ့ညံ့တွေရှိတဲ့ ရှင်းယံဟာ ရိုးရှင်းစွာပင် ချောမောသူဖြစ်ကြောင်း အူစီလုံး ခနခန စိတ်ထဲမှာ ချီးကျူးတတ်ပါသည်။

You've reached the end of published parts.

⏰ Last updated: Aug 24 ⏰

Add this story to your Library to get notified about new parts!

အူစီလုံးWhere stories live. Discover now