27

3.2K 390 21
                                    

For Unicode

" တော်တော် ချောတယ်ကွာ သိလား။ ငါဘယ်လိုလုပ်ရမလဲ။ ငါ့ဘက်က ဆွဲရမဲ့ အလုပ်မျိုးလဲ မလုပ်ချင်ဘူး အဲ့လိုဆိုတိုင်း ဟိုဘက်ပါသွားမှာလဲ မလိုချင်ဘူးကွာ။ ပါသွားပြီးမှ ပြန်လာလဲ ငါလက်မခံဘူး...ဒါမဲ့ ပါသွားလို့လဲ မရဘူးလေ။"

ကိုယ့်အပူနဲ့ ကိုယ်စိတ်ညစ်နေပါတယ် ဆိုပါမှ ဘေးမှာ ကမ္ဘာလာပျက်ပြနေတဲ့ အူစီလုံးကြောင့် ကျော်ရှိန် သူ့နားသူ လက်ညိုးနဲ့ ထိုးကာ ပိတ်ထားလိုက်သည်။

သူကိုယ်တိုင်ကျ ဂျူနီယာညီမလေးတွေကို ဆရာကြီးလုပ်လိုက် စီနီယာအစ်မတွေကို ကပ်ချွဲလိုက်နဲ့ လုပ်နေတုန်းကအကောင်း။
ဟိုက ကောင်မလေးတစ်ယောက်နဲ့ စကားလေးတစ်ခါပြောမိတာကိုဒင်းအလှည့်ကျ စီးရီးဆယ်ခုစာလောက် ရိုက်နေပုံမှာ တရားကျစရာ။

" စကားလေးတစ်ခါပြောပြီး ကားလေးလိုက်စီးတာပဲမဟုတ်လားကွာ။ အဲ့လိုသာပြောရစတမ်းဆိုကွာ မင်းဆို တစ်ကျောင်းလုံးနဲ့ ညားနေပြီ လို့ သတ်မှတ်လို့ရတယ် "

" ီးလား။ ငါကရိုးရိုးသားသား "

" ဟိုကရော ဘာလုပ်နေလို့တုန်း "

အူစီလုံးနှာကစ်သွားကာ ဟိုဘက်လှည့်သွားပြီး လက်ကမြင်းကယာ ခူးထားသည့် စွယ်တော်ရွက်ကို နှစ်ခြမ်းဖြဲပစ်သည်။

" ရှင်းယံ အကြောင်း မင်းမသိပါဘူး။ "

မသိပါဘူးဆိုတဲ့ ကောင်ကိုပဲ လာလာပြောနေပြီးတော့ အကြံပေးတော့လဲ လက်မခံ။
သည်လို ဆယ့်နှစ်မျိုးမျောက်စိတ်နဲ့ဖြစ်နေတာ ထားသွားခံခဲ့ရရင်တောင် တစ်ဖက်လူကို အပြစ်ပြုလို့မရသည့်အနေအထားမှာရှိသည်။

" ပိတ်ရက်လာမတွေ့နဲ့ဆိုတော့ တကယ်ကြီး လာမတွေ့တာကွာ။ ဖြစ်သင့်လား ဖြစ်သင့်လား"

" မင်းစကားကို အလေးထားတာ‌ပဲလေ "

" မင်းမသိပါဘူး ရှင်းယံ အကြောင်း "

" ဒီ ဖေ "

သူတို့စကားဝိုင်းသည်သာ တရုတ်သိုင်းကားထဲက ဇာတ်၀င်ခန်းတစ်ခုဖြစ်ခဲ့မည်ဆိုရင် ကျော်ရှိန်ကတော့ ရင်ဘတ်ဖိကာ သွေးအန်နေရမည့် ကာရိုက်တာလေး ဖြစ်သွားလိမ့်မည်။
ဆဲချင်စိတ်လျှံကျလာမှုကို သည်းခံပြီး မြိုချ နေရသည်မှာ လွယ်ကူသည်မဟုတ်လှ။

အူစီလုံးWhere stories live. Discover now